“Moana 2” ဇာတ်ကားမှာ မာဝီဇာတ်ကောင်အဖြစ် အသံသရုပ်ဆောင်တဲ့အပိုင်းအကုန်ပြီးသွားပြီဖြစ်တဲ့ ဒွိန်း ဂျွန်ဆင်

23.5.24-yyl-2.jpg

“Moana” အန်နီးမေးရှင်းဇာတ်ကားမှာ မာဝီအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ဒွိန်း ဂျွန်ဆင် (The Rock) ဟာ “Moana 2” မှာ သူ့ရဲ့အသံသရုပ်ဆောင်မှုအပိုင်း ပြီးသွားပြီလို့ သူက ပြောပါတယ်။ မေလ ၂၀ ရက်နေ့က The Rock ဟာ သူ့သမီးဖြစ်သူနဲ့ အသံသွင်းနေတဲ့ ပုံတွေကို အင်စတာဂရမ်မှာ မျှဝေခဲ့တာပါ။

“လာမယ့် Moana 2 ရဲ့ မာဝီဇာတ်ကောင်အပိုင်းကို တရားဝင်အသံသွင်းလို့ပြီးသွားပါပြီ။ မင်းတို့မြင်တဲ့အတိုင်းပဲ ငါ့ကို သန်မာအောင် အကြီးမားဆုံးတွန်းအားပေးမှုရှိခဲ့တယ်။ ဒီ လေထန်တဲ့ဘဝလမ်းကို လျှောက်လာလေလေ၊ ငါ့ရဲ့အကြီးမားဆုံးနဲ့ အနှစ်သိမ့်နိုင်ဆုံး လှုံ့ဆော်မှုနဲ့ ပျော်ရွှင်မှုက သမီးတွေရဲ့ ချစ်မြတ်နိုးခံရမှုဆိုတာ ပိုသိလာလေလေပါပဲ။ ဒီသမီးလေးက သူ့အဖေအကြောင်း သိပြီးသားလို့ ခံစားရတယ်။ အားပေးပံ့ပိုးမှုတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”လို့လည်း The Rock က ရေးသားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Moana ဇာတ်ကားရဲ့နောက်ဆက်တွဲဇာတ်ကားဟာ နိုဝင်ဘာမှာ ထွက်ရှိမယ်ဆိုတာကို ဖေဖော်ဝါရီလက အသိပေးခဲ့တာပါ။ The Rock နဲ့အတူ အော်ရယ်လီ ကရာဗေးလ်ယိုးက မိုအာနာအဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ Moana 2 ကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Ref: Dwayne Johnson wraps up work on ‘Moana 2’: See sweet photos with his daughter

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top