စစ်တုရင်သမိုင်းမှာ အသက်အငယ်ဆုံးစစ်တုရင်ပဂေးဖြစ်လာခဲ့တဲ့ ကောင်လေး

7-7-2021-yyl-30.jpg

အသက် ၁၂ နှစ်အရွယ်မှာတင် အာဘီဟီမန်ယူ မီရှရာ (Abhimanyu Mishra) ဆိုတဲ့ ကောင်လေးဟာ စစ်တုရင်သမိုင်းမှာ အငယ်ဆုံးစစ်တုရင်ပဂေးဖြစ်လာခဲ့ပါပြီ။ အိန္ဒိယ-အမေရိကန်ကပြားဖြစ်တဲ့ အာဘီဟီက အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ကဖြစ်ပြီး ၂၀၀၂ခုနှစ်က အသက် ၁၂ နှစ်နဲ့ ၇ လအရွယ်မှာ အငယ်ဆုံးစစ်တုရင်ပဂေးဖြစ်ခဲ့တဲ့ ဟန်ဂေရီနိုင်ငံက ဆာဂေးရ် ကာဂျာကင် (Sergey Karjakin) ဆိုတဲ့ ကောင်လေးရဲ့စံချိန်ကို ချိုးပစ်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့ စံချိန်တင်ခဲ့ချိန်က အာဘီဟီရဲ့အသက်က ၁၂ နှစ် ၄ လ ၂၅ ရက်ဖြစ်ပါတယ်။

စစ်တုရင်ကစားပွဲမှာ စစ်တုရင်ပဂေးဖြစ်ဖို့အတွက် ကစားသမားတစ်ဉီးက စံသတ်မှတ်ချက် (၃) ခုကို ရရှိရမှာဖြစ်သလို ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် Federation Internationale des Echecs (FIDE) က ပေးအပ်တဲ့ 2500 Elo Rating ကို ရရှိရမှာလည်းဖြစ်ပါတယ်။

Vezerkepo GM Mix တံခွန်စိုက်ပြိုင်ပွဲမှာ အာဘီဟီက တတိယနဲဲ့နောက်ဆုံးစံသတ်မှတ်ချက်ရရှိဖို့အတွက် (၉) ခုမြောက်ပွဲစဉ်မှာ စစ်တုရင်ပဂေး လီယွန် မန်ဒွန်ကာ (Leon Mendonca) ကို အနိုင်ရရှိခဲ့ပါတယ်။ ဇွန်လမှာ စစ်တုရင်ပဂေးဖြစ်ဖို့ လိုအပ်တဲ့ 2500 Elo Rating အမှတ်ထဲ ဝင်သွားခဲ့ပါတယ်။ “နောက်ဆုံးတော့ ကျွန်တော့်ကို ၁၄ လကြာ ရပ်နားစေခဲ့တဲ့ အကြီးမားဆုံးပြိုင်ဘက် (ဆက်လက်ဖြစ်ပွားနေတဲ့ကပ်ရောဂါ) ကို အနိုင်ယူခဲ့ပါတယ်။ ချစ်ပေးကြတဲ့ ပံ့ပိုးပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ကမ္ဘာ့ဖလားကိုလည်း မျှော်လင့်နေပါတယ်” လို့ အာဘီဟီက တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။

အသက် ၇ နှစ်အရွယ်မှာ အာဘီဟီက အမေရိကန်နိုင်ငံစစ်တုရင်အဖွဲ့ချုပ်ရဲ့အငယ်ဆုံးကျွမ်းကျင်ကစားသမားဖြစ်လာခဲ့တာပါ။ အသက် ၉ နှစ်မှာ အငယ်ဆုံးနေရှင်နယ်မာစတာဖြစ်လာခဲ့ပြီး အသက် ၁၀နှစ် ၉ လနဲ့ ရက် ၂၀ မှာတော့ အငယ်ဆုံးအင်တာနေရှင်နယ်မာစတာဖြစ်လာခဲ့ပါတယ်။

Ref: CNN”12-year-old Abhimanyu Mishra becomes youngest grandmaster in chess history”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top