ကမ္ဘာ့ကပ်ရောဂါကြီး ၂ ခုကြောင့် နှစ် ၁၀၀ ခြားပြီး ကွယ်လွန်ခဲ့တဲ့ အမြွှာညီအစ်ကို

23-4-2020-yyl-005.jpg

အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၁၀၀ အရွယ် စစ်မှုထမ်းဟောင်းကြီးဟာ COVID-19 ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါပြီ။ ဖီးလစ်ခန်းဟာ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်လေတပ်မှာ တပ်ကြပ်ကြီးဖြစ်ပြီး အင်ဂျင်နီယာ၊ တွဲဖက်လေယာဉ်မှူးအဖြစ် စစ်လေယာဉ်တွေကို လောင်စာဆီ ဖြည့်ပေးတဲ့ အလုပ်လုပ်ခဲ့သူပါ။ ဖီးလစ်ခန်းနဲ့ အမြွှာညီအစ်ကို ဆမ်မြူရယ်တို့ကို ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က မွေးဖွားခဲ့တာပါ။

ဆမ်မြူရယ်ကတော့ မွေးဖွားပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာပဲ စပိန်တုပ်ကွေးလို့ လူသိများတဲ့ ကပ်ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးရောဂါကြောင့် အမေရိကန်နိုင်ငံမှာ လူ ၆၇၅,၀၀၀ လောက် သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ လူသန်း ၅၀ လောက် သေဆုံးခဲ့တယ်လို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးစင်တာများ(CDC)က ခန့်မှန်းထားကြပါတယ်။

သူဟာ ဒုတိယကမ္ဘာစစ်အတွင်း တာဝန်ထမ်းဆောင်မှုကြောင့် Bronze Battle Stars ဆုတံဆိပ် ၂ ခု ရရှိခဲ့သူဖြစ်ပြီး နယူးယော့ခ်ပြည်နယ်၊ နက်ဆူစီရင်စုရဲ့ အသက်အကြီးဆုံး စစ်မှုထမ်းဟောင်းကြီး ဖြစ်ပါတယ်။ ဖီးလစ်ခန်းဟာ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တည်ဆောက်ရာမှာ လျှပ်စစ်ပိုင်းဆိုင်ရာ ကြီးကြပ်သူအဖြစ် အလုပ်လုပ်ခဲ့သူပါ။ သူက သမိုင်းတစ်ကျော့ပြန်လည်ပြီး စပိန်တုပ်ကွေးလို ကပ်ရောဂါမျိုး ဖြစ်လိမ့်မယ်လို့ မကြာခဏ ပြောခဲ့ဖူးကြောင်း သူ့မြေးဖြစ်သူ ဝါရင်းဇိုင်မန်းက ပြောပါတယ်။ COVID-19 ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၈၅၀၀၀၀ နီးပါးရှိနေပြီး သေဆုံးသူ ၄၇၀၀၀ ကျော်ရှိပါတယ်။ သေဆုံးသူ ၁၉၀၀၀ လောက်ကတော့ နယူးယော့ခ်ပြည်နယ်မှာ နေထိုင်သူတွေပါ။

Ref: CNN ” A 100-year-old WWII veteran died of Covid-19. His twin brother died in the flu pandemic a century ago”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top