128TB ထိ သိုလှောင်နိုင်မယ့် SD ကတ် အသစ်တစ်မျိုး ပေါ်ထွက်

128gb_sdcard.jpg

SD ကတ်လေးတစ်ခုထဲနဲ့ ကျွန်တော်တို့တွေရဲ့ များပြားလှတဲ့အချက်အလက်အကုန်လုံးကို သိမ်းနိုင်တော့မယ်ဆိုရင် ဒါက ကျေနပ်စရာကိစ္စကြီးပဲ ဖြစ်ပါတယ်။

SD Association ကနေ SD Express ဆိုတဲ့ format အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။

ဒီ format အသစ်က PCI Express နဲ့ NVMe interface တွေကို ကတ်တစ်ခုထဲမှာ ပေါင်းထည့်ထားတာပါ။ တစ်စက္ကန့်မှာ 985MB ပမာဏတောင် လွှဲပြောင်းပေးတော့မှာဆိုတော့ SD ကတ်တွေထဲမှာဆိုရင် သိပ်ကို မြန်ဆန်တဲ့နှုန်းလို့ ပြောလို့ရပါတယ်။

ဒီကတ်အသစ်မှာ သိုလှောင်နိုင်တဲ့ပမာဏကလည်း 2TB ကနေ 128TB ထိတောင်ဆိုတော့ အရမ်းကို အံဩလောက်စရာပါပဲ။ ဒါဆိုရင်တော့ Hard drives တွေရဲ့ နေရာမှာ SD ကတ်တွေ အစားထိုး ဝင်ရောက်လာတော့မှာပါ။ ဒါပေမယ့် အချက်အလက် လွှဲပြောင်းပေးတဲ့နှုန်းမှာတော့ Hard drives တွေက ပိုမြန်တာကိုတော့ ငြင်းလို့မရပါဘူး။

Format အသစ်နဲ့သာဆိုရင် SD ကတ်လေးတစ်ခုထဲနဲ့ အရည်အသွေးမြင့် HD movie ပေါင်း ၂၅၀၀၀လောက် သိမ်းထားနိုင်မှာပဲဖြစ်ပါတယ်။ ဓာတ်ပုံတွေပဲ သိမ်းမယ်ဆိုပါစို့။ တစ်ပုံကို 500kB လောက်ရှိမယ်ဆိုရင် ပုံပေါင်း 256မီလီယမ်တောင် သိမ်းထားလို့ရမှာဆိုတော့ ဓာတ်ပုံရိုက်နေရင်း Memory မရှိတော့လို့ ပုံတွေ လိုက်ဖျက်ပစ်ရတဲ့ဘဝကို တာ့တာပြလိုက်လို့ ရပါပြီ။ ဒါ့အပြင် သီချင်းတွေပဲ သိမ်းမယ်ဆိုရင် သီချင်းအပုဒ်ရေပေါင်း 25.6မီလီယမ်တောင် သိမ်းထားနိုင်မှာပါတဲ့။

အရင်က SD ကတ်တွေထက် သိုလှောင်နိုင်မှုရော အချက်အလက်လွှဲပြောင်းတဲ့အချိန် မြန်နှုန်းမှာရော လုံးဝသာလွန်နေတဲ့ ဒီ format အသစ် SD ကတ်တွေက 4K၊ 8K နဲ့ VR ဗီဒီယိုတွေ ဖန်တီးနေတဲ့ ရိုက်ကူးရေးသမားတွေအတွက်တော့ တကယ်ကို ဆုလာဘ်တစ်ခုလို့တောင် ပြောရမလားပါပဲ။

ဒါပေမယ့် 128TB ဆိုတာက သီအိုရီအရတော့ ဖြစ်နိုင်ပေမယ့် တကယ်တမ်းထုတ်ဖို့က ဈေးနှုန်းပိုင်း အတော်လေး မြင့်မှာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏ 512GB ရှိတဲ့ကတ်တွေတောင် ဒေါ်လာရာဂဏန်းလောက် ကျသင့်မှာဖြစ်ပြီး 1TB ဆိုရင် အတော်လေး ဈေးကြီးနေမှာ ဖြစ်ပါတယ်။ အဲဒီတော့ 128TB ကတ်ကို လိုချင်ရင်တော့ ငွေကြေးပမာဏ တော်တော်များများကို ပြင်ဆင်ထားရမှာပါ။ ဈေးကွက်ကို ကမောက်ကမ လုပ်ပစ်မလားတောင် ခန့်မှန်းမိနေပါတယ်။

 

Ref : Engadget “You may soon store your entire media collection on one SD card”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top