ပျောက်ဆုံး ထိုင်းကလေးငယ်တွေ အနားကို ရောက်ရှိဖို့ နီးစပ်လာနေ

seal1-810x459.jpg

ထိုင်းရေတပ် ကယ်ဆယ်ရေးအဖွဲ့ဟာ ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ နည်းပြရှိမယ့်နေရာလို့ ထင်မှတ်ထားတဲ့ နေရာနားကို ရောက်ရှိဖို့ ပိုမိုနီးစပ်နေပြီလို့ ထိုင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။

ထိုင်းမြောက်ပိုင်းက လိုဏ်ဂူထဲမှာ ပျောက်ဆုံးနေတဲ့ ကလေးတွေကို ၉ ရက်မြောက် ရှာဖွေနေပြီး လိုဏ်ဂူအတွင်းက ပတ္တရာကမ်းခြေနားကို ရောက်ရှိနေခဲ့ကာ မကြာမီမှာ ကလေးငယ်တွေရှိမယ့်နေရာကို ရောက်ရှိနိုင်တယ်လို့ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးကပြောခဲ့ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးတာနာခရွန်က ကလေးငယ်တွေ ရှိမယ့် နေရာနားနဲ့ ၂ ကီလိုမီတာနားကို ရောက်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ ချင်ရိုင်ခရိုင် ဒေသအုပ်ချုပ်ရေးမှူး အိုဆော့တာနာ ခရွန်က ထိုင်းရေတပ်အထူးတပ်ဖွဲ့ဟာ လိုဏ်ဂူအတွင်းက ကလေးငယ်တွေရှိမယ်လို့ ခန့်မှန်းထားတဲ့ နေရာနားကို ရောက်ရှိနေပြီး ကလေးငယ်များ ပိတ်မိနေတဲ့နေရာဟာ လိုဏ်ဂူအတွင်းထဲက ပတ္တရားကမ်းခြေ ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

လိုဏ်ဂူအတွင်းရှိတဲ့ ပတ္တရားကမ်းခြေကို ဦးတည်တဲ့လမ်းကြောင်းဟာ လိုဏ်ဂူ ဘယ်ခြမ်းဖြစ်ကြောင်း၊ ကလေးငယ်တွေ ရှိမယ့်နေရာနဲ့  ၂ ကီလိုမီတာ လောက်သာ ကွာဝေးတော့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ထိုင်းရေတပ် ကယ်ဆယ်ရေးအထူးအဖွဲ့ဟာ လိုဏ်ဂူ ညာဖက်လမ်းကြောင်းကိုလည်း သွားရောက်ဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Ref: thaipbs “Rescue mission resumes ninth day seal units closer target area”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top