ဖျော်ဖြေဖို့ ငြင်းဆန်ခဲ့လို့ အသတ်ခံလိုက်ရတဲ့ ပါကစ္စတန် အဆိုတော်

5a6abab2dce2d.jpg

ပါကစ္စတန် အဆိုတော်နဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ ဆမ်ဘူလ်ခန်ဟာ ပါတီပွဲမှာ ဖျော်ဖြေဖို့ ငြင်းဆန်ခဲ့မှုတွေကြောင့် သေနတ်သမားတွေရဲ့ သတ်ဖြတ်မှု ခံရတယ်လို့ Independent သတင်းဌာနက ဖော်ပြပါတယ်။

ပါကစ္စတန် သေနတ်သမား ၃ ဦးဟာ သီးသန့်ပါတီပွဲမှာ ဖျော်ဖြေဖို့ ဖိတ်ခေါ်ခဲ့တာကို မင်းသမီးခန်က ငြင်းဆန်ခဲ့လို့ သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သေနတ်သမားတွေဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း မာဒန်မြို့က ခန်ရဲ့ အိမ်ထဲကို ချိုးဖျက် ဝင်ရောက်ခဲ့ပြီး ပါတီပြဲမှာ ဖျော်ဖြေမှုတွေလုပ်ဖို့ ခန်ကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ခန်ဟာ သေနတ်သမားတွေကို ခုခံမှုတွေ လုပ်ခဲ့လို့ သေနတ်သမားတွေက သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ကာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သေနတ်သမားတွေထဲက နှစ်ဦးက ထွက်ပြေးသွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ရဲတွေက ရှာဖွေမှုတွေ လုပ်နေပါတယ်။ အသက် ၂၅ နှစ် အရွယ်ရှိ မင်းသမီး၊ အဆိုတော် ခန်ဟာ ပါကစ္စတန် ရုပ်သံအစီစဉ်တွေ မှာ ပါဝင်သရုပ်ဆောင်ခဲ့ရာ လူသိများသူဖြစ်ပါတယ်။

ယခင်ကလည်း ပါကစ္စတန်နိုင်ငံအတွင်း အမျိုးသမီး အနုပညာရှင်တွေကို သတ်ဖြတ်မူတွေ ဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က လာဟိုးမြို့မှ မင်းသမီး၊ အကမယ်ဖြစ်တဲ့ ကစ်မက်ဘိုင် ဟာ အခုလိုမျိုး သတ်ဖြတ်ခံရဖူးပြီး သူသေဆုံးမှု တစ်နှစ်ကြာချိန်မှာ ခန် အသတ်ခံရတာပါ။

Ref: Independent: Female singer Sumbul Khan murdered by gunmen in Pakistan because she refused to perform at party, police say

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top