ချစ်သူများနေ့မှာ စိတ်ကူးယဉ်ဆန်ဆန် ဘယ်လို ဒိတ်လုပ်ကြမလဲ

aid22938-v4-728px-Plan-a-Romantic-Valentines-Day-Date-Step-6-Version-2.jpg

ဗယ်လင်တိုင်းနေ့အတွက် ကိုယ်ချစ်ရတဲ့သူနဲ့ ရင်ခုန်စွာ ဖြတ်သန်းဖို့ အစီအစဉ်တွေ စဉ်းစားနေကြလောက်ပြီ ပေါ့နော်။ ဒီတော့ ဒီဖေဖော်ဝါရီ ၁၄ရက်နေ့လေးမှာ အစားအသောက်တွေ၊ လက်ဆောင်လေးတွေနဲ့ တခြားပစ္စည်းပစ္စယလေးတွေ စဉ်းစားပြင်ဆင်နိုင်အောင် ပြောပြပေးလိုက်ပါတယ်နော်။

နည်းလမ်း ၁ – ဟင်းချက်ပြင်ဆင်ခြင်း

ချက်ပြုတ်ပြင်ဆင်ပါ

ဗယ်လင်တိုင်းနေ့လေးကို ချစ်သူနဲ့အတူ စားသောက်နိုင်ဖို့ အရသာရှိတဲ့ စားဖွယ်လေးတွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပါ။ ပြီးရင်တော့ ကိုယ့်ရဲ့ချစ်သူကို ကိုယ့်လက်ရာ အိမ်ချက် ထမင်းလေးကို ရင်ခုန်စွာ စားသောက်ဖို့ ဖိတ်ကြားလိုက်ပါ။ ကွတ်ကီး ဒါမှမဟုတ် ကိတ်မုန့်လိုမျိုး အချိုပွဲတွေကို အသဲပုံစံလေးတွေ မှာယူပါ။ ဟင်းလျာတွေကိုလည်း အသဲပုံသဏ္ဍာန်လေးတွေ စီစဉ်ဖန်တီးပြီး ရင်ခုန်ဖွယ် ထမင်းဝိုင်းဖန်တီးလိုက်ပါ။ ဖယောင်းတိုင်မီးလေးတွေ၊ ပန်းလေးတွေ ပြင်ဆင်ထားပြီး ရိုမန်တစ်ဆန်တဲ့ တေးဂီတလေးကို ဖွင့်ထားလိုက်ပါ။

စားသောက်ဆိုင်မှာ စားပါ

ကိုယ်အကြိုက်နှစ်သက်ဆုံး စားသောက်ဆိုင်တစ်ခုမှာ ဒါမှမဟုတ်ရင်လည်း ကိုယ့်ချစ်သူ သဘောကျမယ့် တစ်ခါမှ မစားဖူးသေးတဲ့ ဆိုင်တစ်ဆိုင်မှာ စားပွဲတစ်နေရာစာ ချန်ထားဖို့ ကြိုတင်ဆက်သွယ်ပါ။ အထူးအချိုပွဲလေးများ စီစဉ်ခိုင်းပြီး သင့်ချစ်သူနှစ်သက်တဲ့ သီချင်းလေတွေကို တီးမှုတ်ခိုင်းပါ။

အိမ်မှာပဲ အစားအသောက်များ မှာယူစားပါ

သင့်ရဲ့ချစ်သူ ကြိုက်နှစ်သက်တဲ့ စားသောက်ဆိုင်ကနေ အစားအသောက်များကို မှာယူပြီး အိမ်မှာပဲ အေးဆေးလွတ်လပ်စွာ ရင်ခုန်ဖွယ် ညစာလေးကို ပြင်ဆင် ဖန်တီးလိုက်ပါ။ ဒီလိုရက်မျိုးတွေမှာ စားသောက်ဆိုင်တွေမှာ လူများ အလုပ်ရှုပ်တတ်တဲ့အတွက် သင်မှာယူထားတဲ့ အစားအသောက်တွေကို ခန့်မှန်းချိန်ထက် စောပြီး ရောက်ရှိနေအောင် ပြင်ဆင်ဖို့တော့ လိုအပ်ပါတယ်။ ကိတ်ပေါ်မှာ စာလေးတွေ ရေးတာမျိုးတွေ၊ သင့်ချစ်သူနှစ်သက်တဲ့ အချိုရည်လေးတွေ ပြင်ဆင်ပြီး ရင်ခုန်ဖွယ်ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။

နည်းလမ်း ၂ – အစီအစဉ်များ စီစဉ်ဆောင်ရွက်ခြင်း

အပြင်ထွက်သည့် အစီအစဉ်ဆောင်ရွက်ပါ

ရုပ်ရှင် သို့မဟုတ် အားကစားပွဲများ သွားကြည့်ခြင်း၊ ဖျော်ဖြေရေးပွဲခြင်းခြင့် သင့်ရဲ့ဗယ်လင်တိုင်းကို ကြည်နူးဖွယ် ဖန်တီးလိုက်ပါ။ ဒီလိုမျိုးတွေ မကြာခဏ သိပ်မသွားလေ့ မရှိဘူးဆိုရင် တစ်ခါတလေလောက်တော့ လုပ်ပေးသင့်ပါတယ်။

အိမ်မှာ ဇိမ်ရှိရှိနေပါ

ငွေကုန်ကြေးကျလည်း သိပ်မရှိဘဲ အိမ်မှာပဲ လွတ်လွတ်လပ်လပ်နဲ့ ကုန်ဆုံးဖြတ်သန်းနိုင်ပါတယ်။ ငယ်ငယ်တုန်းကလို ဗီဒီယိုဂိမ်းလေးတွေ၊ ရုပ်ရှင် တီဗီစီးရီးတွေ    ကြည့်တာမျိုးလေးတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလိုဆိုရင် ရာသီဥတုအခြေအနေကြောင့် outdoor ထွက်လို့ ပျက်စီးရတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ ဒါမှမဟုတ်ရင်လည်း အိမ်တွင်းပျော်ပွဲစား အစီအစဉ်လေး စမ်းသပ်ကြည့်လိုက်ပါ။ ကြမ်းပြင်ပေါ်မှာ စာတစ်ထည်ခင်းပြီး ခြင်းတောင်းတစ်လုံးထဲ စားသောက်စရာလေးတွေ ဖြတ်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါတယ်။

အံ့ဩဖွယ် Surprise လေးတွေ ပြုလုပ်ပါ

အိမ်မှာပဲ ရိုးရိုးရှင်းရှင်း ဖြတ်သန်းမယ်ဆိုရင် လက်ဆောင်လေးတစ်ခုကို သင့်ရဲ့ချစ်သူ မမျှော်လင့်ထားတဲ့ပုံစံနဲ့ တီထွင်ဖန်တီးပြီး ကြိုတင်စီစဉ်ထားပါ။ ချစ်သူ တွေ့နိုင်မယ့်နေရာမှာ ချောကလက်လေးတွေ၊ ဖယောင်းတိုင်လေးတွေ ဒါမှမဟုတ် ပန်းလေးတွေနဲ့ ရိုမန်တစ်ဆန်ဆန် စာလေးတစ်စောင်ချန်ထားတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။

တစ်နေရာရာကို ခရီးသွားပါ

ဈေးကြီးပြီး သွားလာရ ပင်ပန်းတဲ့ နေရာမျိုးတွေထိ သွားဖို့ မလိုပါဘူး။ နေ့ချင်းပြန်သွားလို့ရနိုင်တဲ့ နေရာလေးတွေကို ရွေးချယ်ပြီး ပျော်ရွှင်ရင်ခုန်ဖွယ်ရာ ခရီစဉ်ငယ်လေးတစ်ခု ဖန်တီးနိုင်ပါတယ်။

နည်းလမ်း ၃ – လက်ဆောင်ပေးရန် ရွေးချယ်ခြင်း

ချစ်သူရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုကို စဉ်းစားပါ

သင့်ချစ်သူအကြိုက်ဆုံးစာအုပ်၊ ရုပ်ရှင် စတာတွေကို လက်ဆောင်ဝယ်ယူရာမှာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒီလိုလက်ဆောင်ထဲမှာမှ ပို့စကဒ်လေးတွေ၊ ပန်းစည်းလေးတွေ ထပ်ပေါင်းထည့်ပေးသင့်ပါတယ်။ ဒါမှမဟုတ်လည်း သင်တို့ရဲ့ ရုပ်ပုံထည့်ထားတဲ့ ဓာတ်ပုံဘောင်လေးတစ်ခု၊ ချစ်စရာကောင်းတဲ့ စာအုပ်မှတ်တဲ့ bookmark လေးတွေ ထည့်ပေးသင့်ပါတယ်။

ကတ်တစ်ကတ် ကိုယ်တိုင်ပြုလုပ်ပါ သို့မဟုတ် ဝယ်ပါ

သင့်ရဲ့ခံစားချက်တွေ ဒါမှမဟုတ် သင့်ချစ်သူရယ်မောသွားစေမယ့် စာလေးတွေကို ကတ်လေးထဲမှာ ချရေးပါ။ ကတ်လေးကို ဝယ်ယူမယ်ဆိုရင်တော့ ကတ်လေးထဲမှာ ကိုယ့်ရဲ့ခံစားချက်စာတိုလေးတွေ သေချာပေါက် ရေးသားပေးလိုက်ပါ။ ကိုယ်တိုင် ပြုလုပ်မယ်ဆိုရင်လည်း စက္ကူခေါက်လေးတွေ၊ မာကာပင်န်၊ ဘောပင်၊ ဖောင်တိန်နဲ့ တခြား အလှဆင်တဲ့ ပစ္စည်းလေးတွေနဲ့ အလွယ်တကူ ပြုလုပ်ဖို့ ကြိုးစားကြည့်လိုက်ပါ။

ပန်းလေးတွေ၊ ချောကလက်လေးတွေ၊ အရုပ်လေးတွေ လက်ဆောင်ပေးပါ

ဒါကတော့ ဗယ်လင်တိုင်းနေ့ရက်တိုင်းမှာ စုံတွဲတွေ ပြုလုပ်နေကျ အရာတွေပါပဲ။ ရိုးစင်းပေမယ့် မိမိချစ်ရသူထံမှ ကြိုတင်ပြင်ဆင်ပြီး ပေးတဲ့လက်ဆောင်မို့ ကျေနပ်နှစ်ခြိုက်မှာပါ။ ဒီထဲမှာမှ ချစ်စရာကောင်းတဲ့ စာတိုလေးတွေ၊ စကားလေးတွေကို ထည့်သွင်းရေးသားပြီး ပေးသင့်ပါတယ်။

ကဲ.. အားလုံးပဲ ပျော်ရွှင်ကြည်နူးစရာ ချစ်သူများနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Ref : Knowledge : How to Plan a Romantic Valentine’s Day Date

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top