အက်ဒ်ရှီရန်နဲ့ရုပ်တူတဲ့သူကို ယူပြီး ကိုယ်ဝန်ပါလွယ်ထားရတဲ့ အက်ဒ်ရဲ့အမာခံပရိသတ်

20-5-2022-yyl-11.jpg

အသက် ၃၇ နှစ်အရွယ် အမန်ဒါ ဘာရွန်ဆိုတဲ့ အမျိုးသမီးကတော့ သူ့ရဲ့အိုင်ဒေါနဲ့ လက်ထပ်ခွင့်မရခဲ့ပေမဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့သူကိုတော့ ရခဲ့ပါတယ်။ အမန်ဒါက နာမည်ကျော်အဆိုတော်အက်ဒ်ရှီရန်ရဲ့အမာခံပရိသတ်တစ်ယောက်ပါ။ သူက အက်ဒ်ရှီရန်ကို လက်ထပ်မယ်လို့လည်း စနောက်လေ့ရှိပါတယ်။

အမန်ဒါက သူ့အိုင်ဒေါအက်ဒ်ရှီရန်နဲ့ မဟုတ်ဘဲ ရုပ်ချင်းချွတ်စွပ်တူတဲ့ အသက် ၂၇ နှစ်အရွယ် တိုင် ဂျုန်းစ်နဲ့ ချစ်ခင်စုံမက်ခဲ့ကြပါတယ်။ သူတို့လက်တွဲခဲ့ကြတာ (၁) နှစ်ရှိပါပြီ။ အခု အမန်ဒါက တိုင် ဂျုန်းစ်ရဲ့ကိုယ်ဝန်ကို လွယ်ထားရပါတယ်။

“သူငယ်ချင်းတွေက သူ့ကို အက်ဒ်နဲ့ ရုပ်တူတယ်လို့ ပြောတော့ သူတို့ ကျွန်မကို စနောက်နေတယ်လို့ ထင်ခဲ့တာ။ ရုပ်တူတဲ့သူနဲ့ အမြဲ အပြင်သွားချင်ခဲ့တယ်။ အခုဆို တကယ်အစစ် အက်ဒ်မဟုတ်တဲ့ အကောင်းဆုံးတစ်ယောက်ကို ရခဲ့ပါပြီ” လို့ အမန်ဒါက ပြောပါတယ်။

အမန်ဒါက ဇူလိုင်လမှာ မွေးဖွားမယ့် သူတို့ရဲ့သမီးလေးကို တိုင် ဂျုန်းစ်လို ဆံပင်အရောင်မျိုးနဲ့ မွေးဖွားလာဖို့ မျှော်လင့်နေပါတယ်။ “ကျွန်မတို့ရဲ့ သမီးလေးကို အက်ဒ်ရဲ့သီချင်းတွေ တီးပြပါတယ်။ ကျွန်မတို့ အက်ဒ်ကို ချစ်သလိုမျိုး သမီးလေး ချစ်ဖို့ မျှော်လင့်နေတာပါ”လို့ အမန်ဒါက ဆိုပါတယ်။

အမန်ဒါကို မဆုံတွေ့ခင်က အက်ဒ်ရှီရန်နဲ့ ရုပ်တူတဲ့အတွက်ကြောင့် မိန်းကလေးတွေက သူ့ကို စိတ်ဝင်စားတာဖြစ်မှာစိုးရိမ်တာကြောင့် ချိန်းတွေ့ဖို့ ခက်ခဲခဲ့တယ်လို့ တိုင် ဂျုန်းစ်က ဖွင့်ဟထားပါတယ်။ “ကျွန်တော်က အက်ဒ်နဲ့ ရုပ်တူတဲ့အတွက် ကျွန်တော့်ကို မိန်းကလေးတွေ စိတ်ဝင်စားတာလားလို့ တွေးမိတယ်။ ဒါပေမဲ့ အမန်ဒါနဲ့ကတော့ ဒါက အံ့ဩဖို့ကောင်းခဲ့တယ်။ သူက အကောင်းဆုံးပါပဲ”။

အမန်ဒါရဲ့ အိုင်ဒေါ အက်ဒ်ရှီရန်ကတော့ ၂၀၁၉ခုနှစ်က ငယ်သူငယ်ချင်း ချယ်ရီ ဆီဘွန်းနဲ့ လက်ထပ်ခဲ့ပြီး သမီး (၂) ယောက်အဖေဖြစ်နေပါပြီ။ ပထမသမီးလေးကို ၂၀၂၀ခုနှစ် ဩဂုတ်လမှာ မွေးဖွားခဲ့တာပါ။ ဒုတိယသမီးလေးကို ၂၀၂၂ခုနှစ် မေလ ၁၉ ရက်နေ့မှာ မွေးဖွားလိုက်ပြီဆိုတာကို အက်ဒ်ရှီရန်က သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Ref: Ladbible “Ed Sheeran Super Fan Is Having Baby With Ed Sheeran Lookalike”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top