အသစ်မိတ်ဆက်ပေးလိုက်တဲ့ Samsung AI TV တွေအပါအဝင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို အတန်ဆုံး ပစ္စည်း (သို့) ငွေသား လက်ဆောင်တွေနဲ့ ရရှိနိုင်မယ့် Samsung ရဲ့ မိုးဦးမေတ္တာ ပရိုမိုးရှင်း

28.5.24-yyl-4.jpg

ဝဿန်ကာလအကြိုအစီအစဉ်အနေနဲ့ မေလ (၁၅) ရက်နေ့ကနေ ဇွန်လ (၂၀) ရက်နေ့အတွင်း ပြုလုပ်ပေးနေတဲ့ အတန်ဆုံး ပရိုမိုးရှင်း

မကြာသေးခင်က မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထုတ် Samsung AI TV များအပါအဝင် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဝယ်ယူရင်း (၂၅) သိန်းကျပ်အထိ တန်ဖိုးရှိ Sound Bar လက်ဆောင် (သို့) (၇) သိန်းကျပ်အထိ ငွေသားလက်ဆောင် ရရှိနိုင်မည်ဖြစ်

Samsung Myanmar ဟာ စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေနဲ့ AI နည်းပညာတွေပါဝင်လာတဲ့ ၂၀၂၄ ခုနှစ်ထုတ် နောက်ဆုံးပေါ် Samsung AI TV တွေ ဖြစ်တဲ့ Neo QLED, Neo QLED 8K, OLED နဲ့အတူ QLED, Crystal UHD နဲ့ Lifestyle TV တို့ကို ပြီးခဲ့တဲ့ မေလ (၈) ရက်နေ့က ရန်ကုန်မြို့၊ Junction City Promotion Area မှာ Unbox & Discover 2024 အခမ်းအနားကြီးနဲ့အတူ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အဆိုပါအခမ်းအနားကို နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ ထက်ထက်ထွန်း၊ Bunny Phyoe နဲ့ Square Lake Pirates၊ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေ၊ လာရောက်အားပေးကြည့်ရှုသူ ပရိတ်သတ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ယခုအချိန်မှာတော့ Samsung Myanmar ကနေ မကြာမီရောက်ရှိလာမယ့် ဝဿန်ကာလအကြိုအစီအစဉ်အနေနဲ့ Samsung ရဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ပစ္စည်းလက်ဆောင် (သို့) အတန်ဆုံးလျှော့ဈေးတွေနဲ့ ဝယ်ယူနိုင်ဖို့အတွက် မိုးဦးမေတ္တာ ပရိုမိုးရှင်းကို မေလ (၁၅) ရက်နေ့ကနေ ဇွန်လ (၂၀) ရက်နေ့ အထိ ပြုလုပ်ပေးလျက်ရှိပါတယ်။ ပရိုမိုးရှင်းကာလအတွင်း ဝယ်ယူအားပေးတဲ့ Samsung ချစ်သူတွေ အနေနဲ့ ၂၀၂၄ ခုနှစ်ထုတ် Samsung AI TV များအပါအဝင် TV၊ Microwave၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ Vacuum Cleaner စတဲ့ ဝယ်ယူတဲ့ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး (၂၅) သိန်းကျပ်အထိ တန်ဖိုးရှိ Sound Bar လက်ဆောင် (သို့) (၇) သိန်းကျပ်အထိ ငွေသားလက်ဆောင် များကို ချက်ချင်းပြန်လည်ရရှိသွားမှာဖြစ်ပါတယ်။

Samsung ရဲ့ မိုးဦးမေတ္တာ ပရိုမိုးရှင်း အစီအစဉ်မှာ ပါဝင်တဲ့ ၂၀၂၄ ခုနှစ်ထုတ် TV တွေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ ရရှိနိုင်မယ့် ငွေသားလက်ဆောင်/ပစ္စည်းများ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

85 လက်မ Neo QLED 8K TV, NQ8 AI Gen3 Processor, Smart (QA85QN900DKXXT) TV ဝယ်ယူမှုအတွက် (၂၅) သိန်း ဝန်းကျင် တန်ဖိုးရှိ HW-Q990C/XT Sound Bar လက်ဆောင်

75 လက်မ Neo QLED 8K TV, NQ8 AI Gen3 Processor, Smart (QA75QN900DKXXT) TV ဝယ်ယူမှုအတွက် (၁၉) သိန်း (၅) သောင်း ဝန်းကျင် တန်ဖိုးရှိ HW-Q930C/XT Sound Bar လက်ဆောင်

65 လက်မ Neo QLED 4K TV, NQ4 Al Gen2 Processor, Smart (QA65QN87DAKXXT) TV ဝယ်ယူမှုအတွက် (၁၃) သိန်း (၉) သောင်း ဝန်းကျင် တန်ဖိုးရှိ HW-Q600C/XT Sound Bar လက်ဆောင်

55 လက်မ Neo QLED 4K TV, NQ4 Al Gen2 Processor, Smart (QA55QN87DAKXXT) TV ဝယ်ယူမှုအတွက် (၁၃) သိန်း (၉) သောင်း ဝန်းကျင် တန်ဖိုးရှိ HW-Q600C/XT Sound Bar လက်ဆောင်

65 လက်မ OLED 4K TV, NQ4 Al Gen2 Processor, Smart (QA65S90DAKXXT) TV ဝယ်ယူမှုအတွက် (၁၃) သိန်း (၉) သောင်း ဝန်းကျင် တန်ဖိုးရှိ HW-Q600C/XT Sound Bar လက်ဆောင်

55 လက်မ OLED 4K TV, NQ4 Al Gen2 Processor, Smart (QA55S90DAKXXT) TV ဝယ်ယူမှုအတွက် (၁၃) သိန်း (၉) သောင်း ဝန်းကျင် တန်ဖိုးရှိ HW-Q600C/XT Sound Bar လက်ဆောင်

85 လက်မ QLED 4K TV, Smart (QA85Q65DAKXMR) TV ဝယ်ယူမှုအတွက် (၁၉) သိန်း (၅) သောင်း ဝန်းကျင် တန်ဖိုးရှိ HW-Q930C/XT Sound Bar လက်ဆောင်

75 လက်မ QLED 4K TV, Smart (QA75Q65DAKXMR) TV ဝယ်ယူမှုအတွက် (၁၃) သိန်း (၉) သောင်း ဝန်းကျင် တန်ဖိုးရှိ HW-Q600C/XT Sound Bar လက်ဆောင်

65 လက်မ QLED 4K TV, Smart (QA65Q65DAKXMR) TV ဝယ်ယူမှုအတွက် (၇) သိန်း (၅) သောင်း ဝန်းကျင် တန်ဖိုးရှိ HW-C450/XT Sound Bar လက်ဆောင်

Samsung ရဲ့ Built for Myanmar TV များ ဝယ်ယူမှုအတွက် ငွေကျပ် ၁ သိန်း မှ ၇ သိန်းကျပ်အထိ ပြန်အမ်းငွေ လက်ဆောင်

ရေခဲသေတ္တာများ ဝယ်ယူမှုအတွက် ငွေကျပ် ၇ သောင်း မှ ၂ သိန်းကျပ်အထိ ပြန်အမ်းငွေ လက်ဆောင်
အဝတ်လျှော်စက်များ ဝယ်ယူမှုအတွက် ငွေကျပ် ၅ သောင်း မှ ၂ သိန်းကျပ်အထိ ပြန်အမ်းငွေ လက်ဆောင်

ဖုန်စုပ်စက်များ ဝယ်ယူမှုအတွက် ငွေကျပ် ၂ သောင်း မှ ၂ သောင်း ၅ထောင်ကျပ်အထိ ပြန်အမ်းငွေ လက်ဆောင်

Microwave Oven များ ဝယ်ယူမှုအတွက် ငွေကျပ် ၂ သောင်း မှ ၈ သောင်းကျပ်အထိ ပြန်အမ်းငွေ လက်ဆောင် စသဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

အဆိုပါ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ပရိုမိုးရှင်းကာလအတွင်း ဇွန်လ (၂၀) ရက်နေ့အထိ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်ကြီးတွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အစီအစဥ်အသေးစိတ်ကိုတော့ (http://smsng.co/MoeOoMyitTar-Social) မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top