မိမိတို့ရဲ့ အူရီဒူးဆင်းကတ်တွေကို မှတ်ပုံတင်ပြီး အခမဲ့ဒေတာလက်ဆောင်တွေကို ရယူလိုက်ပါ

Ooredoo-Myanmar-SIM-Registration.jpg

မိုဘိုင်းဖုန်း အသုံးပြုသူတွေအားလုံးက မိမိတို့ရဲ့ဆင်းကတ်တွေကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ မတိုင်မီ မဖြစ်မနေ မှတ်ပုံတင်သွားရမယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှနေ၍ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကြောင့် မှတ်ပုံမတင်ထားသော သို့မဟုတ် အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းကတ်တွေအားလုံးက ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက် နောက်ပိုင်းမှာ မည်သည့် ဝန်ဆောင်မှုကိုမျှ ဆက်လက်၍ အသုံးပြုသွားနိုင်တော့မှာမဟုတ်ပါဘူး။

အသုံးပြုသူတွေနဲ့ အများပြည်သူရဲ့ လုံခြုံမှုအတွက် အခုလို ဆင်းကတ်တွေကို ပြန်လည်မှတ်ပုံတင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှမှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် အူရီဒူး မြန်မာအနေနှင့် သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူတွေအား ဆင်းကတ်များကို မှတ်ပုံတင်ရန် သို့မဟုတ် အမည်ပေါက် ပြောင်းလဲမှတ်ပုံတင်ရန်အတွက် တိုက်တွန်းလိုက်ပြီး မှတ်ပုံတင်ရာတွင် အဆင်ပြေလွယ်ကူမှု အပြည့်အဝရှိစေမည့် နည်းလမ်းများကိုလည်း ဖန်တီးပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဆင်းကတ်တွေကို အောင်မြင်စွာမှတ်ပုံတင်ပြီးသော အသုံးပြုသူများကိုလည်း အခမဲ့ ဒေတာလက်ဆောင်များကိုပါ ပေးအပ်သွားမှာဖြစ်ပါတယ်။

အူရီဒူးဆင်းကတ် အသုံးပြုသူများအတွက် ဆင်းကတ်မှတ်ပုံတင်ရာတွင်ဖြစ်စေ၊ အမည်ပေါက် ပြောင်းလဲရာတွင်ဖြစ်စေ အလွယ်ကူဆုံးနှင့် အမြန်ဆန်ဆုံး နည်းလမ်းမှာ My Ooredoo App မှတဆင့် ဖြစ်ပြီး မိမိကိုယ်တိုင်အတွက် သော်လည်းကောင်း၊ မိမိ၏ မိတ်ဆွေသူငယ်ချင်းများ နှင့် မိသားစုဝင်များအတွက် သော်လည်းကောင်း မှတ်ပုံတင်သွားနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုဆင်းကတ်မှတ်ပုံတင်ရာတွင် အသုံးပြုသူများအနေနှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသည့် သက်သေခံကတ်ပြားများ (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် နိုင်ငံခြားသားများအတွက် ပတ်စ်ပို့) ကိုသာ အသုံးပြု၍ မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။

My Ooredoo App မှတဆင့် ဆင်းကတ်မှတ်ပုံတင်မှု ပြီးစီးသည့် အခါတွင် မိမိကိုယ်တိုင်အတွက် မှတ်ပုံတင်သော အသုံးပြုသူတွေက အခမဲ့ ဒေတာလက်ဆောင်ပမာဏ ၅၀၀MB ကို ရရှိသွားမှာဖြစ်ပြီး အခြားသူအတွက် မှတ်ပုံတင်ရာတွင်မှု မှတ်ပုံတင်တဲ့ ဆင်းကတ်ပိုင်ရှင်က ၂၅၀MB နှင့် ကိုယ်စား မှတ်ပုံတင်ပေးသည့်သူသည် ၂၅၀MB အသီးသီး ရယူပိုင်ဆိုင်သွားနိုင်မာဖြစ်ပါတယ်။ အဲဒီလိုပဲ အသုံးပြုသူတွေက နိုင်ငံတဝန်းရှိ အူရီဒူး အရောင်းဆိုင်များသို့ သွားရောက်၍လည်း သူတို့ရဲ့ဆင်းကတ်တွေကို မှတ်ပုံတင်နိုင်မှာဖြစ်ပြီး အဲဒီလိုမှတ်ပုံတင်သူတွေက အခမဲ့ ဒေတာလက်ဆောင်ပမာဏ ၁၀၀MB ကို ရရှိမည်ဖြစ်ပါတယ်။ အဲဒီ အခမဲ့ ဒေတာလက်ဆောင်တွေကို ဆင်းကတ်မှတ်ပုံတင်မှု အောင်မြင်စွာပြီးစီးသည့် အချိန်မှစ၍ ၂၄ နာရီအတွင်း လက်ခံရရှိသွားမှာ ဖြစ်ပါတယ်။

အူရီဒူးအသုံးပြုသူတွေက သူတို့ရဲ့ဆင်းကတ်တွေကို မှတ်ပုံတင်ရန် My Ooredoo App အား *565# သို့ ဖုန်းခေါ်ဆို၍ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေက သူတို့ရဲ့ ဆင်းကတ် မှတ်ပုံတင်မှု အောင်မြင်စွာ ပြီးစီးခြင်း ရှိမရှိကိုလည်း My Ooredoo App မှ တဆင့်ဖြစ်စေ၊ *666# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ အလွယ်တကူ စစ်ဆေးသွားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အခမဲ့ အင်တာနက် ဒေတာများ ရယူပိုင်ဆိုင်နိုင်ရန် အတွက် အသုံးပြုသူတွေအနေနှင့် ဆင်းကတ်တွေကို အခုပဲ မှတ်ပုံတင်ကြရန် အူရီဒူးမြန်မာက တိုက်တွန်းထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top