ပရော်ဖက်ရှင်နယ် ဓာတ်ပုံရိုက်ကူးစနစ်ပါဝင်ပြီး ခေတ်မှီလှပသေသပ်သည့် ဒီဇိုင်းနှင့် Vivo V27 5G ကို မကြာမီ မိတ်ဆက်မည်

19.4.2023-yyl-iamge-16.jpg

Vivo သည် V27 Series မှနောက်ဆုံးပေါ် V27 5G ကို မြန်မာနိုင်ငံတွင် ဧပြီလ ၂၄ ရက်နေ့ စတင်မိတ်ဆက်ရန် ကြေငြာလိုက်သည်။ V27 5G စမတ်ဖုန်းတွင် V Series ၏စဉ်ဆက်မပြတ်ပိုမိုကောင်းမွန်သောဖန်တီးမှုများနှင့် အထူးကောင်းမွန်သော ကင်မရာစွမ်းဆောင်ရည်အသစ်၊ နည်းပညာပုံစံသစ်တို့ကို ထည့်သွင်းပေးထားပါသည်။ vivo သည် ၎င်း၏နည်းပညာအဆင့်အတန်းကို ထပ်မံပြီးမြှင့်တင်ကာ V27 5G ကို စွမ်းဆောင်ရည်မြင့်သည့် ကင်မရာ၊ ခေတ်မှီလှသည့် ဒီဇိုင်းတို့ဖြင့်မျှော်လင့်သည်ထက် ပိုမိုသာလွန်အောင်ဖန်တီးထားပါသည်။

V27 5G စမတ်ဖုန်းသည် မိုဘိုင်းဓာတ်ပုံလောကတွင် ကြီးမားသောပြောင်းလဲမှု တစ်ခုဖြစ်လာမည်ဖြစ်ပြီး ထူးခြားသောစွမ်းဆောင်ရည်များက ကင်မရာပိုင်းကို ပြိုင်ဘက်များထက် သာလွန်အောင်ပံ့ပိုးပေးနိုင်မှာဖြစ်ပါသည်။ Aura Light Portrait System သည် အလင်းရောင်ကောင်းစွာ မရသည့်အခြေအနေများတွင် ဓာတ်ပုံရိုက်ကူးရသည့်အခါ အလင်းကိုကောင်းမွန်စွာ မြှင့်တင်ပေးနိုင်အောင် ဖန်တီးထားပြီး သုံးစွဲသူများအနေနှင့် အံ့အားသင့်ဖွယ် ပုံကောင်းများ ရရှိစေမည်ဖြစ်သည်။ သုံးစွဲသူများအနေနှင့် မိမိတို့၏ဖန်တီးနိုင်စွမ်းကို ပြသနိုင်ပြီး မည်သည့်ပတ်ဝန်းကျင်တွင်မဆို အရာဝတ္တုများကို အသေးစိတ်ရိုက်ကူးနိုင်မည်ဖြစ်သည်။

V27 5G စမတ်ဖုန်းသည် ပိုမိုသေးငယ်သောဘေးဘောင်ဒီဇိုင်းနှင့် 120Hz 3D Curved Screen ပါဝင်မည်ဖြစ်ပြီး သုံးစွဲသူများရဲ့ အမြင်အာရုံကိုဖမ်းစားနိုင်မည်ဖြစ်သည်။ Curved Screen သည် ဈေးကွက်အတွင်း စံထားစရာတစ်ခုအဖြစ်မိတ်ဆက်သွားနိုင်မှာဖြစ်ပြီး ရိုးရှင်းလှပသည့် ဖုန်းရဲ့အသွင်အပြင်ကို ထူးခြားစွာမြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ ပိုမိုကျဉ်းမြောင်းသော အမဲရောင်အနားသတ်က အမြင်အာရုံကိုဖမ်းစားပြီး ဗီဒီယိုကြည့်ခြင်း ဝက်ဘ်ရှာဖွေခြင်းတို့ကို ပြီးပြည့်စုံသည့်အသွင် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top