ဈေးနှုန်းတူဖုန်းတွေကြားမှာ အမေရိကန်နိုင်ငံစစ်ဘက်ဆိုင်ရာ U.S. Military Grade Shock-Resistance စမ်းသပ်မှုကို အောင်မြင်ထားတဲ့ တစ်ခုတည်းသော အရည်အသွေးမြင့် စမတ်ဖုန်း OPPO A60 ကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဝယ်ယူနိုင်ပြီ

28.5.24-yyl-10.jpg

OPPO A60 ကို မြန်မာနိုင်ငံတစ်ဝန်းမှာ ၇၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူပြီး Ollie အရုပ်ပုံပါ ခေါင်းအုံးကို လက်ဆောင်အဖြစ် ရယူနိုင်ပါပြီ။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ကနေ ပေါ့ပါးလှတဲ့ ကိုယ်ထည်နဲ့အတူ အကြမ်းခံနိုင်ပြီး ဈေးနှုန်းတူဖုန်းတွေကြားမှာ US Military Grade Shock-Resistance စမ်းသပ်မှုကို အောင်မြင်ထားတဲ့ တစ်ခုတည်းသော စမတ်ဖုန်းဖြစ်သလို “ပေါ့ပါးသွက်လက် အကြမ်းခံချက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထွက်ရှိလာတဲ့ OPPO A60 ကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ၇၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ OPPO A60 ကို Ripple Blue နဲ့ Midnight Purple ဆိုတဲ့ အရောင် နှစ်ရောင် ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဝယ်ယူသူတိုင်းကိုလဲ OPPO ကနေ Ollie အရုပ်ပုံပါ ခေါင်းအုံး ကို လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

US Military Grade Shock-Resistance စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့ OPPO A60

OPPO A60 ဟာဆိုရင် စမတ်ဖုန်းတစ်လုံး ဘယ်လောက်ထိ အကြမ်းခံနိုင်လဲဆိုတာကို စစ်ဆေးစမ်းသပ်တဲ့ အမေရိကန်နိုင်ငံစစ်တပ်ရဲ့ US Military Grade Shock-Resistance Test စမ်းသပ်မှုကို အောင်မြင်နိုင်ခဲ့တဲ့အထိကို Durability ပိုင်းမှာ ကောင်းမွန်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ US Military Grade Shock-Resistance Test စမ်းသပ်မှုဆိုတာ ဖုန်းတစ်လုံး ဘယ်လောက်အထိ ခံနိုင်ရည်စွမ်းရှိသလဲဆိုတာ စမ်းသပ်လေ့လာတဲ့ အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင်ရာ စံနှုန်းတစ်ခုဖြစ်ပြီး ဈေးနှုန်းတူ ဖုန်းတွေအကြားမှာ OPPO A60 ဟာ US Military Grade Shock-Resistance MIL0-STD 810H ကို ရရှိထားတဲ့ တစ်ခုတည်းသော ဖုန်းလဲ ဖြစ်ပါတယ်။

သာမန်ထက်ပိုတဲ့ Durability နဲ့အတူ တွဲတွေ့ရတဲ့ Performance

OPPO A60 ရဲ့ Durability ဟာ သုံးစွဲသူတွေကို ကျေနပ်မှုတစ်ခုပေးစွမ်းနိုင်သလိုပဲ Performance အနေနဲ့လဲ တကယ်ကို အားရစရာ ခံစားချက်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Snapdragon 680 4G နဲ့အတူ 5000 mAh အားရှိတဲ့ ဘက်ထရီ ပါဝင်ပြီး 45W SUPERVOOC Flash Charge ပါဝင်လာမှုကလဲ OPPO ကို ချစ်မြတ်နိုးတဲ့ O-Fans တွေအတွက် သဘောကျစရာအချက်တစ်ခု ဖြစ်လာမှာပါ။ RAM နဲ့ ROM အနေနဲ့ 8GB RAM , 256 ROM အနေနဲ့ ထွက်ရှိလာမှာ ဖြစ်ပြီး RAM Expansion အတွက် 8GB RAM Expansion ပေးထားတဲ့ စမတ်ဖုန်းတစ်လုံးလဲ ဖြစ်ပါတယ်။ OPPO က OPPO A60 နဲ့ပတ်သက်လို့ Durability ပိုင်းမှာလဲ အကြမ်းခံနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်အဝရှိသလို OPPO A60 ဟာ ၄၈ လအထိ အသုံးခံတယ်ဆိုတဲ့ 48-Month Fluency စမ်းသပ်မှုကို အောင်မြင်ထားတဲ့ အာမခံချက် ပါဝင်လာပါတယ်။ ဘက်ထရီနဲ့ ပတ်သက်လို့ စိတ်ပူတတ်သူတွေအတွက်လဲ OPPO က ဒီ ၄၈ လအတွင်း ဖုန်းဘက်ထရီ ၈၀ ရာခိုင်နှုန်းအောက် ရောက်သွားခဲ့ရင် ဘက်ထရီ အသစ်တစ်လုံး ချက်ချင်း ပြန်လည်လဲလှယ်ပေးမဲ့ 4-year Battery Protection Plan ကိုလဲ ဇွန်လ ၃၀ ရက်နေ့ထိ ဝယ်ယူသူတွေအားလုံးအတွက် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ပါးလွှာလှတဲ့ ကိုယ်ထည် ၊ ထူးခြားတဲ့ အရောင် နှစ်ရောင် နဲ့အတူ ထွက်ရှိလာတဲ့ OPPO A60

OPPO A60 မှာဆိုရင် ရွေးချယ်ဝယ်ယူစရာ Ripple Blue နဲ့ Midnight Purple ဆိုပြီး ဆန်းပြားလှပစွာ ကွဲထွက်နေတဲ့ အရောင်နှစ်မျိုးကြောင့် OPPO သုံးစွဲသူ O-Fans တွေအတွက်တော့ နှစ်သက်စရာ ဖြစ်လာမှာပါ။ ဖုန်းရဲ့ ကျောဘက်ထဲမှာ သံလိုက်မှုန်လေးတွေကို လှပသေသပ်စွာ ဖန်တီးထားပြီး High-Gloss Coating နဲ့ အပေါ်တစ်လွှာကို ထပ်ထားပြီး UV Texture နဲ့ Nano-Scale Optical coating ကို လှပစွာ ပေါင်းစပ်ကာ ဖုံးအုပ်ထားတာကြောင့် ပင်လယ်ရေလှိုင်းတွေ ရွေ့လျားစီးဆင်းနေတဲ့ ပုံစံမျိုးကို Ripple Blue မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Midnight Purple ရဲ့ ထူးခြားချက်ကတော့ ဖုန်းရဲ့ ကျောဘက်မျက်နှာပြင်ပေါ်မှာ OPPO Glow နည်းပညာ နဲ့အတူ Nano-Scale Optical coating ကို အတွင်းပိုင်းမှာ ထည့်သွင်းပုံဖော်ထားတာကြောင့် ခပ်ရင့်ရင့် ခရမ်းရောင်နဲ့အတူ တည်ငြိမ်တဲ့ အလှတရားကို မြင်တွေ့ရမှာဖြစ်ပါတယ်။ OPPO A60 ရဲ့ အလေးချိန်အနေနဲ့ 186g ရှိပြီး အထူအနေနဲ့ 7.68mm ရှိတာကြောင့် ပေါ့ပါးမှုကလဲ သူမတူအောင်ပေါ့ပါးနေသလို ကိုင်တွယ်တဲ့အခါ သဘာဝကျကျနဲ့ သက်သောင့်သက်သာ ဖြစ်စေရန်အတွက် ကျောဘက်မျက်နှာပြင်ကို ဖန်တီးထားတာဖြစ်ပါတယ်။ ဒါတင်သာမက သုံးစွဲသူတွေအနေနဲ့ အဆင့်မြင့်မြင့်ဖြစ်စေတဲ့ ခံစားချက်မျိုးနဲ့အတူ အရှေ့မျက်နှာပြင်ကိုလဲ 2.5D Curved Screen အဖြစ် ပုံဖော်ထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းနဲ့ နူးညံ့သိမ်မွေ့တဲ့ အထိအတွေ့ကို ခံစားရမှာ ဖြစ်ပါတယ်။

ရေထိရင်တောင် ဖုန်းအသုံးပြုမှုကို နှောင့်ယှက်မှုရော လေးလံမှုပါ မရှိစေမဲ့ Splash Touch

ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ OPPO A60 မှာ ဖုန်းမျက်နှာပြင်ကို ရေစက်အမှုန်အမွှားများ သို့မဟုတ် မြူခိုးများ ထိနေရင်တောင် လေးလံသွားခြင်း မရှိစေမဲ့ Algorithm ကို Touch Chip ထဲမှာ ထည့်သုံးပေးထားတဲ့ Splash Touch ပါဝင်လာတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ ဖုန်းမျက်နှာပြင် ရေစိုနေရင်တောင် ရဲရဲဝံ့ဝံ့ ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လက် သို့မဟုတ် ဖုန်းမျက်နှာပြင် ရေစိုနေတဲ့အတွက် ဖုန်းတစ်ခုခုလေးလံတုန့်ဆိုင်းပြီး Error ဖြစ်လာမှာမျိုးကို OPPO A60 ရဲ့ Splash Touch က တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ရတာ ကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမဲ့ AI Portrait Retouching

ဓာတ်ပုံ ရိုက်ရတာ ကြိုက်နှစ်သက်သူတွေအတွက် Main Camera 50MP Ultra Clear Camera with JNS Sensor၊ 2MP Portrait Camera with OV02B1B Sensor၊ 8MP Front Camera with OV08D Sensor နဲ့အတူ အလှဆုံး ပုံရိပ်တွေ ဖမ်းယူနိုင်မှာပါ။ ဒါအပြင် Portrait ချစ်သူတွေအတွက် Bokeh Background ကိုလဲ သေသပ်လှပစွာ ဖန်တီး ပေးထားတဲ့အပြင် AI Portrait Retouching ပါရှိတာကြောင့် မတူညီတဲ့ ဘယ်လို အသားအရေ၊ ဘယ်လို မီးရောင်အောက်မျိုးမှာမဆို ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ပိုကောင်းတဲ့အသားအရေ၊ ပိုကောင်းတဲ့ အလင်းရောင် အနေအထားနဲ့အတူ ကြည်လင်ပြီး ပြတ်သားတဲ့ ပုံရိပ်တွေကို ဖန်တီးရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက Android 14 နဲ့အတူ Color OS 14 ပါဝင်လာမှုကြောင့် ဖုန်းရဲ့စွမ်းဆောင်နိုင်ရည် နဲ့ ဓာတ်ပုံတွေရဲ့ အရောင်အသွေးတွေက သူမတူအောင် လှပကြွရွနေမှာ ဖြစ်တာကြောင့် ဓာတ်ပုံချစ်သူတွေအတွက်တော့ အထူးသင့်လျော်မဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာဖြစ်ပါတယ်။

“ပေါ့ပါးသွက်လက် အကြမ်းခံချက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပေါ့ပါးပြီး သုံးရတာ သွက်သွက်လက်လက်နဲ့ အကြမ်းခံတဲ့ OPPO A60 ကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ၇၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး အရောင်အားဖြင့် Ripple Blue နဲ့ Midnight Purple ဆိုတဲ့ အရောင်နှစ်ရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ ဝယ်ယူအားပေးသူတွေကိုလဲ မေတ္တာလက်ဆောင်အဖြစ် Ollie အရုပ်ပါ ခေါင်းအုံး ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

OPPOA60 #ပေါ့ပါးသွက်လက်အကြမ်းခံချက်

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top