ဒူဘိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဒေါင်လိုက်စိုက်ခင်း

21-7-2022-09.jpg

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ စတုရန်းပေ ၃၃၀,၀၀၀ ကျယ်ဝန်းတဲ့ ကမ္ဘာ့အကြီးဆုံး ဒေါင်လိုက်စိုက်ခင်းကို ဖွင့်လှစ်လိုက်ပါပြီ။ AI၊ machine learning နဲ့ ထိပ်တန်းနည်းပညာတွေ အသုံးပြုပြီး ပညာရှင်တွေရဲ့ ကွပ်ကဲမှုနဲ့ စိုက်ပျိုးမယ့် ဒေါင်လိုက်စိုက်ခင်းဟာ သမားရိုးကျ စိုက်ခင်းတွေထက် ရေ ၉၅ ရာခိုင်နှုန်း သက်သာမှာဖြစ်ပြီး တစ်နေ့ကို ဟင်းရွက် ၃ တန် ထွက်ရှိမယ်လို့ ဆိုပါတယ်။

Bustanica ဒေါင်လိုက်စိုက်ခင်းမှာ ပိုးသတ်ဆေးနဲ့ ဓာတုဆေးဝါး အသုံးပြုမှာ မဟုတ်တဲ့အတွက် အဲဒီကထွက်ရှိတဲ့ ဟင်းရွက်တွေကို ရေမဆေးဘဲ စားသုံးနိုင်တယ်လို့ Emirates Crop One လုပ်ငန်းစုက ဆိုပါတယ်။

Emirates Crop One ဟာ အမ်းမရိတ်စ်လေကြောင်းလိုင်းနဲ့ ဒေါင်လိုက်စိုက်ခင်းနည်းပညာလောကမှာ ထိပ်တန်းဖြစ်တဲ့ Crop One တို့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာသန်း ၄၀ ရင်းနှီးမြှုပ်နှံခဲ့တာပါ။

Bustanica ဒေါင်လိုက်စိုက်ခင်းကနေ ထွက်ရှိတဲ့ ဟင်းရွက်တွေကို အမ်းမရိတ်စ်လေကြောင်းခရီးစဉ်တွေမှာ ဧည့်ခံသွားဖို့ရှိပြီး ယူအေအီးနိုင်ငံရဲ့ စူပါမားကတ်တွေမှာလည်း ရောင်းချမှာဖြစ်ပါတယ်။

Ref: Emirates flight catering opens world’s largest vertical farm in Dubai

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply