ကျောင်းသူ အယောက် (၄၀) ကို ကန်ဒေါ်လာ ၁၀၀၀၀ တန်ပညာသင်ဆုတွေ ချီးမြှင့်ပေးအပ်ခဲ့တဲ့ “Black Panther” မင်းသမီး

21-7-2022-07.jpg

“Black Panther” မင်းသမီး လူပီတာ နယောင်အိုဟာ ကျောင်းသူ အယောက် (၄၀) ကို ဒေါ်လာ ၁၀၀၀၀ ပညာသင်ဆုတွေနဲ့ အံ့အားသင့်စေခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် လူပီတာက The National Association for the Advancement of Colored People အဖွဲ့အစည်းရဲ့ ACT-So ဆုပေးပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တက်ရောက်ခဲ့ပြီး ACT-So တစ်နှစ်တာပရိုဂရမ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားသူတွေကို ပညာသင်ဆုတွေ ပေးအပ်ခဲ့တာပါ။

ဒီပရိုဂရမ်က စီးပွားရေး၊ ပန်းချီ၊ပန်းပုအနုပညာ၊ ဖျော်ဖြေရေး နဲ့ အချက်အပြုတ်ပညာရပ်တွေလို ဘာသာရပ်တွေမှာ တိုးတက်မှုကို မြှင့်တင်ပေးမယ့် အမေရိကန်တစ်ဝှမ်းက အထက်တန်းကျောင်းသူတွေအတွက် ရည်ရွယ်ခဲ့တာပါ။

“ကျွန်မ ငယ်ငယ်ကတည်းက အမြဲတမ်း အိပ်မက်ကြီးကြီးထားခဲ့တယ်။ ကျွန်မရဲ့ပညာရေးက စိတ်ကူးအိပ်မက်၊ ရည်မှန်းချက်တွေကို နားလည်အောင် ကူညီပေးရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်။ သင်ယူရတာကို အမြဲနှစ်သက်ခဲ့ပြီး သင်ယူလေ့လာသူတွေက ကမ္ဘာကြီးကို ပြောင်းလဲစေမယ်လို့ ယုံကြည်တယ်”လို့ လူပီတာက ဆုပေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ပညာသင်ဆုပေးအပ်တဲ့ ပွဲမှာ တွေ့ရတဲ့ လူပီတာ

လူပီတာက ပညာသင်ဆု (၄၀) ကို အလှကုန်ပစ္စည်းအမှတ်တံဆိပ် Lancome နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းပြီးတော့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ “ထူးခြားတဲ့ ဒီအမျိုးသမီးအဖွဲ့ကို ပညာသင်ဆုတွေ ပေးအပ်ဖို့ Write Her Future Scholarship Fund ကိုယ်စား Lancome မှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိတယ်”လို့ Lancome ရဲ့ Brand Ambassador လည်းဖြစ်တဲ့ သူက ပြောသွားခဲ့ပါတယ်။

အော်စကာဆုရှင်မင်းသမီး လူပီတာ နယောင်အိုက သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကား 12 Years a Slave၊ Marvel ရဲ့စူပါဟီးရိုးဇာတ်ကား Black Panther၊ သည်းထိပ်ရင်ဖိုဇာတ်ကား Us အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တာပါ။

Ref: AsiaOne “Lupita Nyong’o surprises 40 students with $13,900 scholarships”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top