ဖာရာရီ (Ferrari) ရဲ့ ပထမဆုံး လျှပ်စစ်ကား(EV) ဖြစ်တဲ့ ဖာရာရီလုစ်(Ferrari Luce) – ‘Chassis 0’ ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ သန်း ၄၀ နဲ့ လေလံအောင်မြင်ခဲ့ပြီး လေလံပွဲမှာ ဈေးအများဆုံး ရရှိတဲ့ ကားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ယခုနှစ် အစောပိုင်းက စတင်မိတ်ဆက်ခဲ့တဲ့ အဖြူရောင် EV ကားကို Apple ဒီဇိုင်နာဟောင်းတွေဖြစ်တဲ့ ဂျွန်နီအိုက်ဗ် (Jony Ive) နဲ့ မာ့ခ်နယူဆန် (Marc Newson) တို့ ဖန်တီးခဲ့ကြတာပါ။ ဒီကားရဲ့ ဒီဇိုင်းက ရိုးရှင်းလွန်းပြီး တံခါးလေးပေါက်နဲ့ ထိုင်ခုံငါးခု ပါဝင်နေတာကြောင့် ဖာရာရီကားနဲ့ မတူဘူးဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် Sotheby’s လေလံပွဲမှာ ဖာရာရီလုစ်(Ferrari Luce – ‘Chassis 0’ ကားကို လေလံတင်တော့ ဒေါ်လာ ၁.၁ သန်းလောက်ပဲ ရမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ မူရင်းဈေးနှုန်းထက် အဆ ၆၀ ကျော် ပိုများခဲ့ပြီး ဒေါ်လာ သန်း ၄၀ အထိ ရရှိခဲ့တာပါ။
ဖာရာရီကုမ္ပဏီဟာ ရောင်းရငွေအားလုံးကို အနာဂတ်ပညာရေးဆိုင်ရာ လုပ်ငန်းများအတွက် ကူညီပံ့ပိုးပေးနေတဲ့ ဖာရာရီဖောင်ဒေးရှင်း (The Ferrari Foundation) ထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Ferrari Luce – ‘Chassis 0’ ကို ဒေါ်လာသန်း ၄၀ အထိပေးပြီး လေလံအောင်မြင်ခဲ့သူကတော့ Brain Power Inc ကို တည်ထောင်ခဲ့တဲ့ အမေရိကန် ဘီလျံနာ၊ မျက်စိအထူးကုဆရာဝန် ဒေါက်တာ ဟားဘတ်”ဟာဘီ” ဝါသိုင်းမ် (Dr Herbert “Herbie” Wertheim) ပဲ ဖြစ်ပါတယ်။
Ref: Exclusive model of Ferrari’s first electric car, Luce, sells for record $40 million
NZ (ရိုးရာလေး)

