အဘိုးအိုတစ်ဦးကို ဘတ်စ်ကားပေါ်ကနေတွန်းချခဲ့တဲ့ အမျိုးသမီး အဖမ်းခံရ

13526056-0-image-a-3_1557922680041.jpg

မတ်လ (၂၁) ရက်နေ့တုန်းက အသက် (၇၄) နှစ်အရွယ် ဆာချ် ဖော်နီယား (Serge Fournier) ဆိုတဲ့အဘိုးအိုဟာ လာစ် ဗီဂတ် (Las Vegas) မြို့က ဘတ်စ်ကားပေါ်ကနေတွန်းချခံခဲ့ရလို့ရခဲ့တဲ့ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ ရဲတွေအဆိုအရ အသက် (၂၅) နှစ်အရွယ် ကာဒီရှ ဘစ်ရှော့ (Cadesha Bishop) က အဘိုးအိုကို ကားပေါ်ကနေ တွန်းချခဲ့ကြောင်း၊ သူ့ကိုလည်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၁) ရက်နေ့က အဘိုးအို ဖော်နီယားဟာ ဘစ်ရှော့နဲ့ ဘတ်စ်ကားတစ်စီးတည်းမှာ စီးလာခဲ့တာဖြစ်ပါတယ်။ ကားပေါ်မှာ ဘစ်ရှော့က အကြောင်းအရာတစ်ခုကို ကားပေါ်ကလူတွေနဲ့ရော အဘိုးအိုဖော်နီယားနဲ့ပါ ငြင်းခုံခဲ့တာပါ။ ဘတ်စ်ကားက ခရီးသည်တွေကိုချပေးရမယ့်မှတ်တိုင်ရောက်ခါနီးမှာ ဘစ်ရှော့နဲ့ အဘိုးအို ဖော်နီယားတို့ဟာ ပိုငြင်းခုံနေခဲ့ကြပြီး အဘိုးအိုဆင်းတဲ့အခါ ဘစ်ရှော့က နောက်ကနေ တွန်းချခဲ့တာဖြစ်ပါတယ်။

ကားပေါ်ကမှတ်တမ်းဗီဒီယိုအရ အဘိုးအိုဟာ နောက်ကနေတွန်းချခံခဲ့ရတဲ့အတွက် မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ အဲဒီနေ့ မတ်လ (၂၁) ရက် ညနေပိုင်းမှာ အဘိုးအိုက သူ ရရှိခဲ့တဲ့ဒဏ်ရာကို ဆေးရုံမှာကုသခဲ့ပေမဲ့လည်း ဧပြီလ (၁၂) ရက်နေ့မှာတော့ သေဆုံးသွားခဲ့ရရှာပါတယ်။ ရဲတွေက သူဟာ ရင်ဘတ်မှာရခဲ့တဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ပြီး လူသတ်မှုလို့သတ်မှတ်ကြောင်း ပြောခဲ့ပါတယ်။

ရဲမှတ်တမ်းတွေအရ အမျိုးသမီး ဘစ်ရှော့ဟာ အာမခံငွေ ဒေါ်လာ (၁) သိန်း ပေးရကြောင်း၊ သူ့ အမှုကို ပြန်လည်ချေပခွင့်ရှိကြောင်း၊ လက်ရှိမှာ အယူခံဝင်ခြင်းမရှိသေးကြောင်း ဖော်ပြထားပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း ဘတ်စ်ကားစီးတဲ့အခါ သက်ကြီးရွယ်အိုတွေကို ဦးစားပေးရမှန်း မသိတဲ့ တချို့လူတွေရှိနေတာကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မြင်ရ၊ ကြားရ၊ ဖတ်နေရပါတယ်။ ဒါကြောင့် ဘတ်စ်ကားစီးတဲ့အခါတိုင်း သက်ကြီးရွယ်အိုတွေအတွက် နားလည်မှုရှိရှိနဲ့ နေရာပေးရအောင်ပါ။

Ref: CNN “An elderly man died of injuries after he was pushed off a bus. Now police have made an arrest”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top