MPT က သန်းတိုးအောင် မိုဘိုင်းဖုန်းဆော့ဖ်ဝဲပြုပြင်ရေးနှင့် ထပ်မံပူးပေါင်းပြီး နိုင်ငံတစ်ဝန်းရှိ လူငယ်များ၏ အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်မှုကို မြှင့်တင်

25.3.24-yyl-5.jpg

MPT နှင့် သန်းတိုးအောင် မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲပြုပြင်ရေးဆိုင်ရာတို့၏ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း မိတ်ဆက်ပွဲကို MPT မန္တလေးတိုင်း ဒေသကြီးရုံးတွင် ၂၀၂၄ ခုနှစ် မတ်လ (၂၂) ရက်နေ့က ကျင်းပခဲ့ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် လူငယ်များအနေဖြင့် မိမိတို့ စိတ်ပါဝင်စားသော ပညာရပ်များကို MPT CSR E-Learning ဝက်ဘ်ဆိုက်ကို ဝင်ရောက်ပြီး အလုံးစုံအခမဲ့ဖြင့် သင်ယူလေ့လာခွင့် ရရှိမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ပါသည်။

မိုဘိုင်းလ်ဆော့ဖ်ဝဲပြုပြင်ရေးဆိုင်ရာနည်းပညာများကို တတ်မြောက်ခြင်းအားဖြင့် နည်းပညာကဏ္ဍ အထူးသဖြင့် ဆက်သွယ်ရေးနည်းပညာရပ်တွင် အလုပ်အကိုင်နှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများစွာ ရရှိနိုင်သောကြောင့် MPT ၏ အခမဲ့ သင်ယူနိုင်မည့် CSR E-Learning အစီအစဥ်တွင် မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲပြုပြင်ရေးဆိုင်ရာ သင်တန်းကို ယခုလို ထည့်သွင်းလိုက်ခြင်းဖြစ်ပါသည်။ ယခု သင်တန်းမှတစ်ဆင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်တင်ရန် လိုအပ်သည့်အရည်အချင်းများနှင့် ကျွမ်းကျင်မှုများကို သင်ယူလေ့လာ နိုင်မည် ဖြစ်ပါသည်။

MPT CSR E-Learning အစီအစဥ်ကို ၂၀၂၃ ခုနှစ် မေလ (၃၁) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့်ကာလများအတွင်း MPT အနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းနယ်ပယ်မှ ထင်ရှားသော အဖွဲ့အစည်း (၃) ခုဖြစ်သည့် အိုင်တီနည်းပညာအတွက် KMD Institute ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ အတွက် CVT Myanmar နှင့် ဂျပန်ဘာသာစကားအတွက် စိုးစံ ဂျပန်ဘာသာ သင်တန်းတို့နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

အွန်လိုင်းမှတစ်ဆင့် သင်ယူလေ့လာနိုင်သည့် အစီအစဥ်တစ်ခုဖြစ်သည်နှင့်အညီ စိတ်ပါဝင်စားသူများအနေဖြင့် အချိန်မရွေး နေရာမရွေး သင်ယူလေ့လာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် အခမဲ့ မိုဘိုင်းဒေတာဖြင့် အသုံးပြုနိုင်ခြင်း၊ အခမဲ့ သင်တန်းကြေးနှင့် အချိန်နေရာမရွေး သင်ယူနိုင်မှု စသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က “ကျွန်တော်တို့အနေနဲ့ “အတူလက်တွဲ အမြဲရှိမည်”ဆိုတဲ့ ကတိကဝတ်နဲ့အညီ လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမယ့် လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး လူငယ်တွေအတွက် အဓိကလိုအပ်တဲ့ အရည်အသွေးနဲ့ ဗဟုသုတတွေကို ဖြည့်ဆည်းပေးဖို့အတွက်လည်း ဦးစားပေး ဆောင်ရွက်နေပါတယ်။ လူငယ်တွေရဲ့ ကွဲပြားခြားနားတဲ့ စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အစီအစဥ်မှာ သင်တန်းအမျိုးအစား စုံလင်စွာ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ သက်မွေးဝမ်းကြောင်းပညာရပ် အခွင့်အလမ်းတွေကိုလည်း ထည့်သွင်းစဥ်းစားပြီး အခုလို မိုဘိုင်းလ်ပြုပြင်ရေးဆိုင်ရာသင်တန်းတွေလို အလုပ်အကိုင်ရရှိရေးအတွက် အထောက်အပံ့ကောင်း ဖြစ်စေမယ့် သင်တန်းတွေကိုလည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်”

သန်းတိုးအောင် မိုဘိုင်းလ်ဖုန်းဆော့ဖ်ဝဲပြုပြင်ရေး တည်ထောင်သူ ဦးသန်းတိုးအောင် မှလည်း “ပြောင်းလဲလာတဲ့ ဆက်သွယ်ရေး နည်းပညာခေတ်မှာ မိုဘိုင်းဖုန်းရဲ့လုပ်ဆောင်ချက်တွေကို သိရှိကျွမ်းကျင်နိုင်ဖို့ လူတိုင်းအတွက် လိုအပ်နေပြီး ဒီလိုကျွမ်းကျင်မှုကို ပညာရပ်တစ်ခုအနေနဲ့ လက်တွေ့ကျင့်သုံးနိုင်ရေးဟာ တကယ်ပဲ အရေးပါလှပါတယ်။ အခုလို MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် လူငယ်တွေအတွက် ကျွမ်းကျင်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ယခု သင်ကြားရေးအစီအစဥ်မှတစ်ဆင့် အခမဲ့ မိုဘိုင်းဒေတာ၊ အခမဲ့ သင်တန်းကြေးနှင့် အချိန်နေရာမရွေး သင်ယူနိုင်မှုတို့ကြောင့် MPT အနေဖြင့် ပညာကို အမှန်တစ်ကယ်လိုလားသူ လူငယ်များ ဝင်ရောက်လျှောက်ထားရန် တိုက်တွန်းလိုပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပြီး MPT မှ ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။
https://csrelearning.mpt.com.mm/
သင်ယူလိုများအနေနှင့် အောက်ပါအဆင့်များအတိုင်း လျှောက်ထားနိုင်ပါသည်။

၁) အောက်ပါလင့်ခ်ကို နှိပ်၍ စာရင်းသွင်းပါ။

၂) စာရင်းသွင်းရန်အတွက် စာမျက်နှာကိုသွားပါ။ (https://shorturl.at/gnrLN)

၃) Google ဖောင်လျှောက်လွှာတွင် အချက်အလက်များဖြည့်ပါ။

၄) လျှောက်လွှာဖြည့်ပြီးနောက် တင်သွင်းပါ။

CSR E-Learning အစီအစဥ် ဝင်ရောက်ရန် QR ကုတ်

Google ဖောင်လျှောက်လွှာဖြည့်သွင်းရန် QR ကုတ်

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးအထူးတင်ရှိပြီး မတူညီသော ကဏ္ဍများအတွက် ပံ့ပိုးကူညီပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သုံးစွဲသူများ အနေဖြင့် MPT ၏ လူမှုအသိုက်အဝန်းနှင့်အတူ ဆက်လက်၍ ရှေ့သို့လှမ်းချီဆောင်ရွက်မှုများတွင် အတူရှိနေပေးရန် ပန်ကြားလိုပါသည်။

သင်တန်းစာရင်းပေးသွင်းမှုအပြင် MPT CSR E-Learning အစီအစဥ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ယခုလင့်ခ် https://csrelearning.mpt.com.mm/userguide/faq.pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် [email protected] သို့လည်း အီးမေးလ်ပေးပို့နိုင်ပါသည်။ ထို့အပြင် ဖုန်းနံပါတ် 098630050 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top