Samsung Myanmar ရဲ့ Galaxy Campus Friends 2.0 Program အတွက် နောက်ဆုံး ဆန်ကာတင် အယောက် (၂၀) နဲ့ Samsung Innovation Campus 2024 ကို တက်ရောက်ခွင့်ရရှိတဲ့ လူငယ် အယောက် (၅၀) ထွက်ပေါ်လာ

3.8.2024-yyl-5.jpg

ဆန်းသစ်တီထွင်မှုတွေနဲ့ ကမ္ဘာ့နည်းပညာလောမှာ ဦးဆောင်နေသလို လူမှုအကျိုးပြု လုပ်ငန်းတွေကို အစဉ်တစိုက် ပြုလုပ်ပေးလျက်ရှိတဲ့ Samsung ဟာ အခုတစ်ခါမှာလည်း မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနေတဲ့ အစီအစဉ်ကောင်းတွေကို ပြုလုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှာပါ ပြုလုပ်ပေးလျက်ရှိတဲ့ Galaxy Campus Friends 2.0 အစီအစဉ် နဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်တို့ကို လက်ရှိမှာ ပြုလုပ်ပေးနေတာဖြစ်ပြီး ပါဝင်ခွင့်ရခဲ့တဲ့ လူငယ်များကလည်း မိမိအိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရနိုင်ဖို့ အားတက်သရော ကြိုးပမ်းလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ပြုလုပ်ပေးနေတာဖြစ်တဲ့ Galaxy Campus Friends 2.0 အစီအစဉ်မှာ “Open Your Universe” ခေါင်းစဉ်နဲ့ မိမိ အိပ်မက်တွေကို ချပြရင်း ပါဝင်ခဲ့တဲ့ လူငယ်များထဲကနေ ဆန်ကာတင် အယောက် (၂၀) ရွေးချယ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ နောက်တဆင့်တက်လှမ်းသွားတဲ့ လူငယ် အယောက် (၂၀) အနေနဲ့ ပိုမိုကောင်းမွန်တဲ့ Idea တွေ ဝေမျှရင်း ယှဉ်ပြိုင်နိုင်ဖို့အတွက် Professional Content Creator တွေ ဖြစ်တဲ့ Ko Kyant (Toly Moly)၊ Phyo Pa Pa Aung (Phyopapa Blogs) နဲ့ Lwin Gyi (Do Something Plz) တို့ကနေ Workshop Session နဲ့ Interview အစီအစဥ်တွေ Samsung နဲ့ အတူပြုလုပ်ပေးခဲ့ပြီး Exclusive Galaxy Gift Boxes တွေလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသေးတယ်။

အသစ်ထွက်ရှိထားတဲ့ Foldable စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold6၊ Galaxy Z Flip6 တို့နဲ့အတူ Wow Moment တွေကို ခံစားနိုင်ဖို့ ပြုလုပ်ပေးခဲ့တဲ့ Galaxy Experience Space ပွဲကြီးမှာလည်း နာမည်ကျော်အနုပညာရှင်တွေနဲ့အတူ Galaxy Campus Friends Finalist လူငယ်များလည်း ပါဝင်တက်ရောက်ခွင့်ရခဲ့တာဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်အစီအစဉ်တွေမှာ ပျော်ရွှင်တက်ကြွစွာပါဝင်ခဲ့ကြပါသေးတယ်။

အခုလို အိပ်မက်တွေကို အသက်သွင်းရင်း Universe အသစ်တစ်ခုကိုဖန်တီးချင်တဲ့ လူငယ်များရဲ့ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုကနေ Galaxy Campus Friends (၅) ဦးကို ရွေးချယ်ပေးသွားမှာဖြစ်ပြီး Samsung Galaxy A35 ဖုန်း (၁) လုံး၊ Galaxy Campus Friend Winner Certificates၊ Collaboration Fees အနေနဲ့ ၁ လလျှင် ၂သိန်းကျပ်ဖြင့် (၃) လတိတိ Samsung နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခွင့် နဲ့ Samsung ရဲ့ exclusive events တွေကို တက်ရောက်ခွင့် စတဲ့ အထူးအခွင့်အရေးတွေကို ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

AI ကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တိုင်းအတွက် အခွင့်အလမ်းအသစ်တွေယူဆောင်လာတဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ်ကြီးမှာလည်း ပါဝင်ခွင့်ရဖို့ စာရင်းပေးသွင်းသူ အယောက် (၅၀၀) ကျော်အထိ ရှိခဲ့ပြီး ထိုလူငယ်များထဲမှ အယောက် (၅၀) ကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရပါတယ်။ အရွေးချယ်ခံရသူ လူငယ်အယောက် (၅၀) ဟာ လက်ရှိမှာတော့ IT & Programming ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် သင်ကြားပေးနေတဲ့ စာသင်ချိန် နာရီ ၄၀ ကြာ အခမဲ့ AI Comprehensive Training ကို တက်ရောက်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ (၁၅) ရက်နေ့ကနေ ဩဂုတ်လ (၁၅) ရက်အထိ ပြုလုပ်ပေးသွားမယ့် အခမဲ့ AI Comprehensive Training မှာ Coding အတွေ့အကြုံပြင် ကိုယ်တိုင် Intelligence App များကို ဖန်တီးနိုင်မယ့်အတွေ့အကြုံတွေကို ရရှိနိုင်စေမယ့် အောက်ပါ သင်ခန်းစာများကို သင်ကြားပေးနေပါတယ်။

Introduction to Al Machine Learning and fine-tuning
NLP and LLM apps
Using OpenAI/Gemini API key for various projects
Computer Vision: OpenCV, YOLO
GitHub
Streamlit for UI
Learn how to copy-paste (Kaggle, GitHub), and prompt instructions

သင်တန်းကာလပြီးဆုံးရင်တော့ သင်တန်းပြီးဆုံးကြောင်း Certificate နဲ့ ဆုများ ပိုင်ဆိုင်နိုင်ခွင့်ရနိုင်အပြင် မိမိ Ideas များကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် AI Hackathon ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်နိုင်ဦးမှာပါ။ AI Hackathon ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ရင်တော့ ပထမဆု ကျပ်သိန်း (၃၀) ၊ ဒုတိယဆု ကျပ်သိန်း (၂၀) နဲ့ တတိယဆု ကျပ်သိန်း (၁၀) စသဖြင့် စုစုပေါင်း Prize Pool ကျပ်သိန်း (၆၀) က စောင့်ကြိုလျက်ရှိနေတာပဲဖြစ်ပါတယ်။

AI နည်းပညာမှာ ကမ္ဘာ့ထိပ်တန်းကနေ ဦးဆောင်နေတဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Samsung နဲ့အတူ Myanmar Cyber Youths နဲ့ Tee Htwin – CSR တို့ က Lead Organization and Partner အဖြစ် ပါဝင်အားဖြည့်ပေးထားတဲ့ ဒီအစီအစဉ်ကနေ အတွေ့အကြုံရှိ Mentor များ၊ Judges များရဲ့ အနီးကပ် Mentorship တွေနဲ့ အတွေ့အကြုံကောင်းတွေလည်း ရရှိနိုင်တာကြောင့် မိမိစွမ်းဆောင်ရည်တွေကို ပြသပြီး Career Opportunities များကို ဖန်တီးနိုင်ခွင့်တွေလည်း ပိုမိုတိုးတက်လာစေဦးမှာပါ။

အခုလို Samsung Myanmar ကနေ လူငယ်တွေအတွက် ထူးခြားကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ယူဆောင်ပေးနေတဲ့ အစီအစဉ်ကောင်းများအကြောင်းကို အချိန်နဲ့တပြေးညီ သိရှိလိုရင်တော့ Samsung Myanmar Facebook Page (https://www.facebook.com/SamsungMyanmar) မှာကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top