ကျောင်းသား၊ ကျောင်းသူ(၅၈)ဦးကို ပညာသင်ထောက်ပံ့ကြေးပေးအပ်

mm_gov_stipend_002.jpg

ရန်ကုန် မတ် ၁
ပညာရည်ထူးချွန်ထက်မြတ်ပြီး ဆက်လက်ပညာသင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူ (၅၈)ဦးကို ဖေဖော်ဝါရီ ၂၉ ရက်၊ ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ Myanmar Sport Hotel မှာ ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ပါတယ်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ကနေ ပေးအပ်တာဖြစ်ပြီးတော့ ရန်ကုန်တိုင်းမှ ၁၀ ဦး၊ ဧရာဝတီ တိုင်းမှ ၁၀ ဦး၊ တနင်္သာရီတိုင်းမှ ၉ ဦး၊ ပဲခူးတိုင်းမှ ၆ ဦး၊ ကရင်ပြည်နယ်မှ ၆ ဦး၊၊ မွန်ပြည်နယ်မှ ၅ ဦး၊ ရခိုင် ပြည်နယ်မှ ၆ ဦး၊ ကယားပြည်နယ်မှ ၆ ဦး၊ စုစုပေါင်း(၅၈)ဦးကို ပေးအပ်ခဲ့တာပါ။

”ဆက်လက်ပညာသင်ကြားဖို့ ငွေကြေးလိုအပ်နေတဲ့ကလေးတွေကို ထောက်ပံ့ပေးတာပါ။ အခုလို ထောက်ပံ့ပေးအပ်တာဟာ အလုံးစုံမပြည့်စုံနိုင်ပေမယ့် ပညာရေးအတွက် အထောက်အပံ့တစ်ခုတော့ ဖြစ်ပါလိမ့် မယ်”လို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောပါတယ်။


အဲဒီကျောင်းသား၊ ကျောင်းသူ(၅၈)ဦးကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက ရွေးချယ် ပေးခဲ့တာဖြစ်ပြီး အခုလိုရွေးချယ်ပေးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)က တစ်ဦးကို ၅ သိန်းနှုန်းနဲ့ စုစုပေါင်း သိန်း ၂၉၀ ထောက်ပံ့ပေးခဲ့တာပါ။

ပညာသင်ထောက်ပံ့ကြေးကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ထူးချွန်တဲ့သူ၊ ဆက်လက်ပညာသင်ကြားဖို့ အခက်အခဲရှိပြီး လမ်းခုလပ်မှာ ပညာရေးရပ်တန့်သွားမယ့်အခြေအနေမျိုးရှိတဲ့သူ မည်သူမဆို သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရတွေဆီမှာ လျှောက်ထားလို့ရတယ်လို့ ဦးစိန်ဝင်းအောင်က ဆိုပါတယ်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)အနေနဲ့ ပညာသင်ထောက်ပံ့ကြေးကို ၂၀၁၃ ခုနှစ်မှာ စတင် ပေးအပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ ၆၄၃ ဦးအထိ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top