Vsmart ၏ ပရိုမိုးရှင်း အစီအစဉ်အဖြစ် cashback ခံစားခွင့်များနှင့် အခြား လက်ဆောင်များအား ပေးအပ်သွားမည်

Vsmart-Christmas.jpg

Vsmart ၏ Bee, Star, Joy 2+ နှင့် Live စမတ်ဖုန်း အမျိုးအစားများအား ဝယ်ယူအားပေးသူများ အနေနှင့် မြန်မာငွေ ကျပ် ၅၀,၀၀၀ အထိ cashback ခံစားခွင့်နှင့် အခြားသော စိတ်လှုပ်ရှားဖွယ်လက်ဆောင်များအား ရရှိသွားနိုင်မည်။ လူကြိုက်များသော စမတ်ဖုန်းမော်ဒယ်တစ်မျိုးဖြစ်သည့် Star အား မြန်မာငွေကျပ် ၁၀၇,၉၀၀ မျှဖြင့် ဝယ်ယူရရှိသွားနိုင်မည်။

ပရိုမိုးရှင်းကာလသည် ဒီဇင်ဘာလ ၂၂ ရက်မှ ဇန်နဝါရီလ ၁၂ ရက် အထိ ဖြစ်သည်။ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်၊ မြန်မာ – ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းစမတ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်သည့် VinSmart သည် မကြာမီ ကျရောက်တော့မည့် ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ အထိမ်းအမှတ်အဖြစ် အထူး ပရိုမိုးရှင်း အစီအစဉ်တစ်ခုအား ပေးအပ် သွားမည် ဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။ အဆိုပါ ပရိုမိုးရှင်း အစီအစဉ်အရ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့အတွင်း Vsmart ၏ Bee, Star, Joy 2+ နှင့် Live စမတ်ဖုန်း အမျိုးအစားများအား ဝယ်ယူအားပေးသူများ အနေနှင့် cashback ခံစားခွင့်များနှင့် အခြားသော လက်ဆောင်များအား ရရှိ ခံစားသွားနိုင်မည် ဖြစ်သည်။

ပရိုမိုးရှင်းအစီအစဉ် အသေးစိတ်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

“မကြာခင် ကျရောက်တော့မယ့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလအထိမ်းအမှတ် အနေနဲ့ ကျွန်မတို့ရဲ့ ဝယ်ယူအားပေးသူတွေအတွက် စိတ်လှုပ်ရှားစရာ ပရိုမိုးရှင်း အစီအစဉ်တစ်ခုကို ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ ကျွန်မတို့ရဲ့ တန်ဖိုးထားရတဲ့ အသုံးပြုသူတွေကို ကျေးဇူးတုံ့ပြန်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပရိုမိုးရှင်း အစီအစဉ်ကို စီစဉ်ခဲ့တာဖြစ်ပြီး အသုံးပြုသူတွေ အနေနဲ့ ဒီ ပရိုမိုးရှင်းကာလအတွင်းမှာ Vsmart Bee, Star, Joy 2+ နဲ့ Live စမတ်ဖုန်းတွေကို ဝယ်ယူ အားပေးမယ်ဆိုရင် cashback ခံစားခွင့်တွေအပြင် အခြား စိတ်လှုပ်ရှားဖွယ်ရာ လက်ဆောင်တွေ ကိုလည်း ရရှိခံစားသွားနိုင်မှာ ဖြစ်ပါတယ်။

ဒီနှစ်ဟာ Vsmart အတွက် ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလတွေကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဆင်နွှဲသွားမယ့် နှစ်ဖြစ်ပြီး ဝယ်ယူအားပေးသူတွေအတွက် အကောင်းမွန်ဆုံးအရာတွေကို သယ်ဆောင်လာပေးဖို့ အမြဲ ကြိုးပမ်း အားထုတ်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တာနဲ့အညီ ကျွန်မတို့ အနေနဲ့ လာမယ့်နှစ်တွေမှာလည်း ဒီလို စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်တွေကို ဆက်လက်ပေးအပ်သွားဦးမှာ ဖြစ်ပါတယ်” Vingroup Myanmar ၏ Marketing Director ဖြစ်သူ မဆင့်စန္ဒာက ပြောကြားခဲ့သည်။

အဆိုပါ ပရိုမိုးရှင်း အစီအစဉ်အတွင်း လှပသော ဒီဇိုင်းပိုင်း၊ သင့်တင့်သောဈေးနှုန်းနှင့် အဆင့်မြင့်မားသော လုပ်ဆောင်ချက်များ ပါဝင်သည့်အတွက် လူကြိုက်များသော စမတ်ဖုန်းအမျိုးအစား ဖြစ်သည့် Vsmart Star စမတ်ဖုန်းကိုလည်း အထူးလျှော့ဈေးပမာဏ မြန်မာငွေကျပ် ၁၀၇,၉၀၀ မျှဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ Vsmart Star စမတ်ဖုန်းတွင် Qualcomm® 215 64-bit processor အသစ်၊ ကျယ်ပြန့်သော ၅.၇၁” ultra-wide waterdrop HD+ မျက်နှာပြင်၊ bokeh လုပ်ဆောင်ချက်နှင့် integrated Face Beauty mode ထည့်သွင်းပေးထားသည့် 8 MP f/2.0 + 2 MP f/2.4 နောက်ကင်မရာ ၂ လုံးနှင့် 5 MP f/2.4 ရှေ့ကင်မရာ၊ 2 GB RAM၊ 16 GB ROM နှင့် 10 W fast charging စနစ်ပါဝင်သည့် 3,000 mAh ဘက်ထရီ ပါဝင်ပြီး Phamtom Black, Living Coral နှင့် Lapis Blue အရောင် ၃ မျိုးဖြင့် ရရှိနိုင်မည် ဖြစ်သည်။

VinSmart ကုမ္ပဏီသည် ၎င်း၏ ဒုတိယမျိုးဆက် စမတ်ဖုန်းမော်ဒယ်များ ဖြစ်သည့် Vsmart Live, Vsmart Bee, Vsmart Star နှင့် Vsmart Joy2+ တို့အား မကြာသေးမီက မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၎င်း၏ တရားဝင် ဖြန့်ချိရေး မိတ်ဖက် SSCL ကုမ္ပဏီမှတဆင့် စတင်မိတ်ဆက်ခဲ့သည်။ လက်ရှိတွင် Vsmart ထုတ်ကုန်များအား မြန်မာနိုင်ငံတစ်ဝန်းရှိ စတိုးဆိုင်ပေါင်း ၁,၀၀၀ ခန့်တွင် ဝယ်ယူရရှိနေနိုင်ပြီ ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top