ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်တဲ့ ဗိုင်းရပ်စ်ကို သိပ္ပံပညာရှင်တွေ တီထွင်

yyl-12.jpg

ကင်ဆာရောဂါကို ခံစားနေရတဲ့သူတွေကတော့ မျှော်လင့်ချက်ရောင်ခြည်သမ်းလာပါပြီနော်။ သုတေသီတွေက ကင်ဆာရောဂါကို ကုသနိုင်မယ့်နည်းတွေကို တစ်မျိုးပြီးတစ်မျိုးပဲ တီထွင်ဖန်တီးနေကြတာပါ။ အခုဆိုရင်လည်း သိပ္ပံပညာရှင်တွေက ကင်ဆာရောဂါကို ကုသဖို့အတွက် Cowpox ဗိုင်းရပ်စ်ကို တီထွင်လိုက်ပါပြီ။

CF33 လို့ခေါ်တဲ့ ကုသနည်းက ဘယ်လိုကင်ဆာရောဂါမျိုးကိုမဆို ကုသနိုင်ပြီး ကြွက်ရဲ့ ကင်ဆာအကျိတ်ကိုလည်း အရွယ်အစားသေးသွားစေခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံက ကင်ဆာရောဂါကုပါမောက္ခ ယူမန် ဖွန် (Yuman Fong) က ဒီကုသနည်းကို တီထွင်ဖန်တီးနေတာပါ။ နောက်နှစ်ကျရင်တော့ အခြားကင်ဆာရောဂါသည်တွေထဲကမှ ရင်သားကင်ဆာရောဂါသည်တွေကို ဒီနည်းနဲ့ စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။

ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာတွေကို ရာခိုင်နှုန်းနည်းနည်းသာခံစားနေရတဲ့ လူနာတွေကိုလည်း ဒီနည်းနဲ့ စမ်းသပ်ဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ကြွက်တွေမှာ ဒီနည်းနဲ့ စမ်းသပ်တာအောင်မြင်ပေမယ့်လည်း လူသားတွေကို ကုသနိုင်မှာလားဆိုတာကတော့မသေချာသေးပါဘူး။ ဒါပေမဲ့ အခြားဗိုင်းရပ်စ်တွေက လူသားတွေရဲ့ကင်ဆာတွေကို တိုက်ဖျက်တဲ့နေရာမှာ ထိရောက်တာကြောင့် ဒီဗိုင်းရပ်စ်ကလည်း ကင်ဆာရောဂါကို ကုသနိုင်မယ်လို့ ပါမောက္ခဖွန်က ယုံကြည်ထားပါတယ်။

အအေးမိရောဂါကို ဖြစ်စေတဲ့ဗိုင်းရပ်စ်တွေက ဦးနှောက်ကင်ဆာအတွက် ကုသနည်းတစ်ခုဖြစ်လာခဲ့တယ်လို့ အမေရိကက သုတေသီတွေက ဆိုပါတယ်။ တချို့လူနာတွေ ခံစားနေရတဲ့ ကင်ဆာတွေက နှစ်အကြာကြီးပျောက်သွားပြီးမှ ပြန်ပေါ်လာတာရှိသလို တချို့လူတွေရဲ့ကင်ဆာအကျိတ်တွေက အရွယ်အစားသေးငယ်သွားတာတွေလည်း ရှိပါတယ်။

အဲဒီလိုပဲ T-Vec လို့ခေါ်တဲ့ အအေးမိစေတဲ့ဗိုင်းရပ်စ်တွေကိုလည်း Melanoma ဆိုတဲ့ အရေပြားမှာဖြစ်ပေါ်တဲ့ကင်ဆာရောဂါကို ကုသနိုင်တယ်လို့ တွေ့ခဲ့ရပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို အကျိတ်တွေ၊ ခန္ဓာကိုယ်က Melanomaဆဲလ်တွေကို ဖျက်ဆီးပစ်အောင်ကူညီပေးနိုင်တာကြောင့်ပါပဲ။

ဗိုင်းရပ်စ်တွေက ၁၉၉၀ခုနှစ်အစောပိုင်းက ကင်ဆာတွေကို သတ်ပစ်နိုင်တယ်ဆိုတဲ့ သက်သေပြချက်တွေလည်းရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်အရမ်းများလာရင် လူသားတွေကို အဆိပ်ဖြစ်စေနိုင်တာတွေလည်းရှိပါတယ်။

Cowpox လို့ခေါ်တဲ့ ဗိုင်းရပ်စ်က လူသားတွေကို ကယ်တင်ခဲ့ဖူးတဲ့အတွက် လူသားတွေကို အန္တရာယ်မဖြစ်စေဘူးလို့ ပါမောက္ခဖွန်က ပြောပါတယ်။ အခြားဗိုင်းရပ်စ်တွေနဲ့ cowpoxကိုရောစပ်လိုက်ခြင်းဖြင့် ကင်ဆာတွေကို သတ်ပစ်နိုင်တဲ့ စမ်းသပ်ချက်ကိုလည်း တွေ့ခဲ့ရပ ါတယ်။ ဗိုင်းရပ်စ်က ကင်ဆာဆဲလ်တွေကို ကုသပေးဖို့နဲ့ ရှာဖွေဖော်ထုတ်ပေးဖို့အပြင် ကိုယ်ခံအားစနစ်ကလည်း ခန္ဓာကိုယ်က အခြားကင်ဆာဆဲလ်တွေနဲ့ပတ်သက်ပြီး အချက်ပြဖို့နဲ့ ရောဂါဆဲလ်တွေကို သတ်ပစ်ဖို့ စေ့ဆော်ပေးနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။

Ref: Breakthrough as scientists create a new cowpox-style virus that can kill EVERY type of cancer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top