“Dress As Your Favorite Person Day” မှာ ဘယ်သူမှဝတ်ဖို့ စိတ်ကူးမရှိတဲ့ ဝတ်စုံကို ဝတ်ဆင်ခဲ့တဲ့ မူကြိုကလေးလေး

6-3-2020-yyl-011.jpg

သင် အကြိုက်ဆုံးလူတစ်ယောက်အတိုင်း ဝတ်စားဆင်ယင်ဖို့ ပြောရင် ဘယ်လိုမျိုးဝတ်ဆင်ကြမလဲ။ “Dress As Your Favorite Perosn Day” မှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အသက် (၅) နှစ်အရွယ် မူကြိုကလေးလေး အီစတန် ဘလော့ခ်ကာ (Easton Blocker) ကတော့ သူ့ကျောင်းက လုံခြုံရေးဦးလေးကြီးလိုမျိုးဝတ်ဆင်ခဲ့ပါတယ်။ အခုအပတ်မှာ အဲဒီကလေးလေးဟာ လုံခြုံရေးအရာရှိ ဂျက်ဖရိ ခရော့စ် (Jeffery Cross) ဝတ်ဆင်ထားတဲ့ ဝတ်စုံနဲ့ တူတဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး Bobby G.Lester Elementary School ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ အစကတည်းက အီစတန်ရဲ့စိတ်ကူးပါပဲ။

“သူက ခရော့စ်ကို သဘောကျနှစ်သက်နေတာပါ။ ဒါက သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါလို့ သူကပြောပါလိမ့်မယ်” လို့ အီစတန်ရဲ့အမေက ပြောပါတယ်။ အီစတန်ရဲ့အမေက သူ့သားအတွက် အဝါရောင်တီရှပ်ဝယ်ပြီး “Junior Security” ဆိုတဲ့စာသားကို အင်္ကျီမှာ ရိုက်ပေးခဲ့ရပါတယ်။

သြဂုတ်လကတည်းက ကျောင်းလုံခြုံရေးအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တဲ့ ခရော့စ်ကလည်း သူ့လိုပုံစံမျိုးဝတ်ဆင်ဖို့ အီစတန်ရွေးချယ်ခဲ့တဲ့အတွက် သူ အံ့အားသင့်ရကြောင်း ပြောပါတယ်။ “ကလေးအများစုက သူတို့ရဲ့ဆရာ/ဆရာမတွေလို၊ အတန်းဖော်တွေလိုမျိုး ဝတ်ဆင်ချင်ကြတာပါ။ အီစတန်က ကျောင်းပထမဆုံးရက်ကတည်းက ကျွန်တော့်ဆီလာပြီး ကျွန်တော့်ကို ပွေ့ဖက်ခဲ့ပါတယ်။ သူက ချစ်ဖို့ကောင်းပါတယ်။ အရမ်းလည်း ပျော်တတ်ပြီး စိတ်ထားလည်းကောင်းပါတယ်” လို့ ခရော့စ်က ပြောပါတယ်။

အီစတန်ရဲ့အမေက ခရော့စ်ကို သူ့သားနဲ့အတူ ဘောလုံးကန်ဖို့အတွက် အိမ်ကိုတောင် ဖိတ်ကြားခဲ့ပါသေးတယ်။ အီစတန်ကို စိတ်ချရတဲ့လုံခြုံရေးနဲ့အတူ မြင်တွေ့ရတဲ့အတွက် သူ့ရဲ့မိခင်က ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

Ref: Kindergartner dresses as school security officer for ‘Dress As Your Favorite Person Day’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top