၈ တန်းပဲအောင်ပြီး ဆေးလိုင်စင်မရှိဘဲ နှစ် ၂၀ ကြာ ခွဲစိတ်မှုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံသားကို ဖမ်းဆီးထိန်းသိမ်း

25.9.2024-yyl-1.png

ပညာရေးမှာ ရှစ်တန်းအဆင့်ပဲ အောင်မြင်ခဲ့ပြီး ဆေးလိုင်စင်မရှိဘဲ နှစ် ၂၀ ကြာ ခွဲစိတ်မှုတွေလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်း ဆမတ်ဆခွန်မြို့မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ်အမျိုးသား ဆောင်ဆရီဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက လိင်အင်္ဂါ အရွယ်အစားကြီးစေတဲ့ ခွဲစိတ်မှုတွေ လုပ်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့သီတင်းပတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူ့ရဲ့ဝန်ဆောင်မှုကို လူမှုကွန်ရက်ပေါ်မှာ ကြော်ငြာထည့်သွင်းခဲ့ပြီး လစဉ်လတိုင်း ခွဲစိတ်မှု ၂ ခု (သို့) ၃ ခုလုပ်ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စီလီကွန်ထည့်သွင်း ခွဲစိတ်မှုလုပ်ခဲ့ပြီးနောက် ရောဂါပိုးဝင်သွားသူတစ်ဦးက အာဏာပိုင်တွေထံ တိုင်ကြားခဲ့ပြီးနောက် ဆောင်ဆရီကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ခွဲစိတ်မှုလုပ်လိုသူအဖြစ် အသွင်ယူကာ ဆောင်ဆရီရဲ့အိမ်ကို သွားခဲ့ပြီးနောက် အာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ကြတာပါ။

ဆောင်ဆရီဟာ ၁၄ နှစ်သားအရွယ်ကတည်းက လိင်အင်္ဂါ အရွယ်အစားကြီးထွားစေမယ့် ခွဲစိတ်မှုတွေလုပ်ဖို့ စမ်းသပ်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှုတစ်ရပ်အတွက် ဘတ် ၅၀၀၀ ကနေ ဘတ် ၂၀၀၀၀ ကြား တောင်းခံလေ့ရှိပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ကို ဆေးလိုင်စင်မရှိဘဲ ခွဲစိတ်မှု၊ ခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်လှစ်မှု စွဲချက်တွေနဲ့ စွဲချက်တင်ထားပါတယ်။

Ref: Fake Doctor Performs Delicate Procedures for 20 Years Before Finally Getting Arrested
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top