ကီလိုမီတာ ၁၃၀ ကျော်အကွာအဝေးအထိ လက်လွတ်ကာစက်ဘီးစီးပြပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ကနေဒါနိုင်ငံသား

8.12.23-yyl-1.jpg

စက်ဘီးစီးသမား ရောဘတ် မူရေးလ်ဟာ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းချိုးပြီးတော့ အောင်မြင်မှုစိုက်ထူနိုင်ခဲ့ပါတယ်။ မကြာသေးခင်ကမှ သူဟာ ၁၃၀.၂၉ ကီလိုမီတာ (၈၀.၉၅မိုင်) အကွာအထိ လက်လွတ်ပြီး စက်ဘီးစီးပြကာ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးလိုက်တာပါ။

သူ့ရဲ့လက်လွတ်စက်ဘီးစီးနှင်တဲ့ခရီးစဉ်က ၅ နာရီနဲ့ ၃၇ မိနစ်အချိန်ယူခဲ့ရပါတယ်။ ဒီအောင်မြင်မှုက အခြားသူတွေကို သူတို့ရဲ့ကန့်သတ်ချက်တွေကို တွန်းလှန်ပြီး မဖြစ်နိုင်တဲ့အရာကို လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနေပါတယ်။ ဒီစံချိန်ချိုးဖို့ ကြိုးပမ်းမှုက the Alzheimer’s Society of Calgary အဖွဲ့အစည်းအတွက် ရန်ပုံငွေရှာဖွေရေးကမ်ပိန်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ရောဘတ်ဟာ ကလေးဘဝကတည်းက စက်ဘီးစစီးခဲ့တာပါ။ ရေကူးသင်တန်းလည်းတတ်ခဲ့ပြီး မနက်တိုင်း သူ့အမနဲ့အတူ စက်ဘီးစီးပြီးတော့ ရေကူးကန်သွားခဲ့ကြတာပါ။ အဲဒီနောက်မှာ အဝေးကြီး စက်ဘီးစီးရတာကို နှစ်သက်လာခဲ့တာပါ။ အသက် ၁၅ နှစ်မှာ ငွေစုပြီးတော့ သူ့ရဲ့ပထမဆုံးစက်ဘီးကို ဝယ်ယူခဲ့တာပါ။ အဲဒီစက်ဘီးက ကမ္ဘာ့စံချိန်ကို ချိုးဖို့အတွက် စီးခဲ့တဲ့ဘီးပါပဲ။

Ref: Riding Hands-Free, Canadian Cyclist Travels 130 Kilometres, Breaks World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top