ပန်းချီသင်တန်းတက်ချင်တဲ့ အော်တစ်ဇင်သားဖြစ်သူနဲ့အတူ လိုက်တတ်ပေးခဲ့တဲ့ ဖခင်

4.5.2023-yyl-3.jpg

ကယ်ဗင်က အော်တစ်ဇင်တစ်ယောက်၊ သူက ပန်းချီကို မြတ်နိုးတဲ့အပြင် ဓာတ်ပုံတွေရိုက်ရတာကိုလည်း ကြိုက်နှစ်သက်ပါတယ်။ တစ်နေ့တော့ ကယ်ဗင်က ပန်းချီသင်တန်းတက်ချင်ခဲ့တယ်။ သူ့အဖေဖြစ်သူကန် ဘာလာဟတ်ခါက သူတစ်ယောက်တည်းတက်မယ်ဆိုရင် မလွယ်ကူနိုင်ဘူးဆိုတာ သိတယ်။ ဒါကြောင့် Joliet Junior College မှာ သူ့သားနဲ့အတူ ပန်းချီသင်တန်းတက်ခဲ့တယ်။

ပန်းချီသင်တန်းက ကြာသပတေးနေ့ညတိုင်း တက်ရပြီးသင်တန်း (၂) ပတ်မြောက်မှာ ကယ်ဗင်တစ်ယောက်တည်း သင်တန်းတက်ဖို့ မဖြစ်နိုင်တဲ့အတွက် ကန်က သင်တန်းပြီးတဲ့အထိ သူနဲ့အတူ တက်ခဲ့တယ်။ ကန်က ကယ်ဗင် လုပ်ရတဲ့ အိမ်စာတွေကိုပဲ သူလုပ်ခဲ့ရတယ်။ ပန်းချီနည်းပြဆရာကတောင် သူတို့သားအဖနှစ်ဦးကြားထဲက ဆက်ဆံရေးကို မြင်တွေ့ရတာ စိတ်လှုပ်ရှားမိပါတယ်တဲ့။

ကန်က မိသားစုအနေနဲ့ သူ့သားဖြစ်ချင်တဲ့အရာမှန်သမျှကို ဖြစ်အောင်လုပ်ပေးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ကန်က တစ်နေ့လုံးအလုပ်လုပ်ပြီးတာနဲ့ ညဘက် သင်တန်းတက်ရတာ မလွယ်ကူခဲ့ဘူး။ သူ့သား သင်တန်းကောင်းကောင်းတက်နေတာ မြင်ရရုံနဲ့ သင်တန်းတက်ရကျိုးနပ်တယ်လို့ပြောပါတယ်။ သားအဖနှစ်ယောက်လုံးရဲ့လက်ရာတွေကို ကျောင်းရဲ့ပြခန်းမှာ ပြထားပါတယ်။

Ref: Father joins son with autism for his college art classes so they can do it together

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top