စိတ်ကျရောဂါကို အားကစားနဲ့ တွန်းလှန်ရင်း ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအရှိဆုံးအမျိုးသမီးဖြစ်လာခဲ့သူ

0fgjhs41c8mm3i5ja.b2637ec6.jpg

(၃၉) နှစ်အရွယ် ရှီတယ် ကိုတတ်ခ် (Sheetal Kotak) ဆိုတဲ့ ကလေးနှစ်ယောက်မိခင်က ကင်ညာမြို့ရဲ့နာမည်ကြီးကာလအလှမယ်တစ်ဦးဖြစ်ပါတယ်။ သူ ကာယအလှမယ်တစ်ဦးမဖြစ်ခင်က စိတ်ကျရောဂါကို အပြင်းအထန်ခံစားခဲ့ရပြီး ကိုယ်အလေးချိန်တွေလည်း တက်လာခဲ့တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်အောင် လုပ်တာက ရှီတယ်ရဲ့ဘဝကို အပြောင်းအလဲကြီး ပြောင်းလဲသွားစေခဲ့ပါတယ်။

သူက ၂၀၁၂ခုနှစ် စက်တင်ဘာလမှာ ခန္ဓာကိုယ်ကျစ်လျစ်အောင် Gym သွားပြီး လေ့ကျင့်ခန်းလုပ်ဖြစ်ခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက သူ ခံစားနေရတဲ့ စိတ်ကျရောဂါကို တွန်းလှန်ပစ်နိုင်သလို ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။ သူဟာ အမျိုးသားတစ်ယောက်လိုပဲ ခန္ဓာကိုယ်ကျစ်လျစ်ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အောင်အောင်မြင်မြင်နဲ့ ခန္ဓာကိုယ်ကို ကျစ်လျစ်ကြံ့ခိုင်အောင် လုပ်ပြီးတဲ့နောက်မှာ သူက အမျိုးသမီးကာယာအလှမယ်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှီတယ်က Musclemania Africa 2014 figure ဆု အပါအဝင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်တဲ့ ဆုများစွာရရှိခဲ့သလို World Beauty Fitness and Fashion in South Africa ဆုရဲ့ အနိုင်ရရှိသူလည်းဖြစ်ခဲ့ပါတယ်။

စိတ်ကျရောဂါကို တွန်းလှန်ရင်းနဲ့ ခန္ဓာကိုယ်ကျစ်လျစ်ကြံ့ခိုင်ဆုံးသူဖြစ်လာခဲ့တဲ့ ရှီတယ် ကိုတတ်ခ်ရဲ့ ပုံလေးတွေကို အောက်မှာ ကြည့်ရှုလိုက်ကြပါနော်….။

Ref: Legit “Check out Sheetal Kotak Kenya’s hottest female bodybuilder”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top