ဓားပြတိုက်ခံရချိန်မှာ သခင်ကို ကာကွယ်ဖို့သေနတ်နဲ့ ပစ်ခံခဲ့ရတဲ့ ခွေးလေး ၅၄ ရက်အကြာမှာ ဆေးရုံမှ ပြန်ဆင်းနိုင်

9.6.2023-yyl-2.jpg

ဓားပြတိုက်ခံရချိန်မှာ သခင်ကို ကာကွယ်ဖို့ သတ္တိရှိရှိ ပြုမူလှုပ်ရှားနေရင်း သေနတ်နဲ့ ပစ်ခံခဲ့ရတဲ့ ခွေးလေးဟာ ၅၄ ရက်အကြာမှာ ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ပြီး ဆေးရုံဝန်ထမ်းတွေအားလုံးက သူ့ကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။

လက်ခ်လို့ အမည်ရတဲ့ Golden retriever ခွေးလေးဟာ ခွဲစိတ်မှု ၃ ကြိမ်လုပ်ခဲ့ရပြီး အထူးကြပ်မတ်ကုသမှု၊ ပြန်လည်ထူထောင်ရေးတွေ လုပ်ခဲ့ပြီးနောက် ဆေးရုံက ဆင်းခွင့်ရခဲ့တာပါ။

လက်ခ်နဲ့ သူ့သခင်တွေ ဆေးရုံဆင်းချိန်မှာ ဆေးရုံဝန်ထမ်းတွေ ဂုဏ်ပြုနှုတ်ဆက်ကြတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုမှုအကြိမ်ရေ ၄ သန်းကျော် ရှိနေပါပြီ။

ဗီဒီယိုကိုကြည့်ရှုရန်

Ref: Dog Shot During Robbery Is Given A Hero’s Send-Off At Hospital

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top