လမ်းဖြတ်ကူးဖို့အခက်ခဲဖြစ်နေတဲ့အဘိုးအိုကို ကူညီပေးခဲ့တဲ့ကလေး (၂) ဦး

13701660-0-image-a-3_1558317679515.jpg

အသက် (၁၃) နှစ်အရွယ်ကလေးတွေဖြစ်ကြတဲ့ ဘလိတ် အော်လက်စတန် (Blake Ockleston) နဲ့ ဒန်နီအယ် ကိုင်လီ စမစ် (Daniel Coyle-Smit) တို့ဟာ လမ်းဖြတ်ကူးဖို့ အခက်ခဲဖြစ်နေတဲ့အဘိုးအိုတစ်ဦးကို ကူညီခဲ့တာကြောင့် သူရဲကောင်းလေးတွေအဖြစ် ချီးကျုးခံနေရပါတယ်။ သူတို့နှစ်ဦးက နယူးဇီလန်နိုင်ငံ၊ အော်လန်မြို့ (Auckland) မှာ အဘိုးအိုတစ်ဦးလမ်းကူးနိုင်အောင်ကူညီပေးနေချိန် မောင်းလာတဲ့ကားတွေကလည်း မီးပွိုင့်စိမ်းနေပေမဲ့ ရပ်စောင့်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ကိုယ်တိုင်တွေ့မြင်ခဲ့ရသူ လင်ကွင်းရှတ် (Lyqueenshah) ဟာ အဲဒီမြင်ကွင်းကို ဓါတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်လိုက်တဲ့အခါ ကလေးတွေကို ချီးကျူးခဲ့ကြပါတယ်။ ဘလိတ် နဲ့ ဒန်နီအယ်တို့က “Pokemom Go” ဆိုတဲ့ ဂိမ်းကို ကစားနေချိန်မှာ လမ်းဖြတ်ကူးဖို့ ပြင်ဆင်နေတဲ့ အဘိုးအိုကို တွေ့ခဲ့ပါတယ်။ အမည်မသိ အဘိုးအိုက လမ်းလျှောက်စက်ကို အားကိုးရင်း လမ်းလျှောက်ရပြီး ကားတွေရဲ့အန္တရာယ်ကြောင့် လမ်းကူးဖို့ အခက်ခဲဖြစ်လို့ နေခဲ့ပါတယ်။

ကလေးနှစ်ဦးက “တခြားပြောစရာတွေလည်း ရှိတယ်။ ကျွန်တော်တို့ အဘိုးကို ရထားဘူတာအထိ လိုက်ပို့ပေးခဲ့ပါတယ်။ လုံခြုံရေးက အဖိုးအိုကို ရထားပေါ်တက်ဖို့ ကူညီပေးလိုက်တာပေါ့” လို့ ပြောခဲ့ကြပါတယ်။ ဖေ့စ်ဘွတ်ခ် အသုံးပြုတွေက သူစိမ်းတစ်ယောက်ကို အစအဆုံးထိ ကူညီပေးခဲ့ကြတဲ့ ကလေး (၂) ဦးကို ကြင်နာတတ်တဲ့ ကလေးတွေ၊ လုပ်ရပ်ကောင်းပဲ၊ မင်းတို့လို ကလေးမျိုး မရှိပါဘူး စသဖြင့် Comment ရေးပြီး ချီးကျူးခဲ့ကြပါတယ်။

(၁၃) နှစ်အရွယ်ကလေးက “ကျွန်တော်တို့ ဒီလိုလုပ်လိုက်တာကို တစ်ယောက်ယောက်က ဖေ့စ်ဘွတ်ခ်ပေါ်တင်ဖို့ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်တို့နေရာမှာ တခြားသူဖြစ်ရင်လည်း ကူညီကြမှာမလို့ ကူညီခဲ့တာပါ” လို့ ဆိုခဲ့ပါတယ်။ သူတို့ နှစ်ဦးကို ဖေ့စ်ဘွတ်ခ်သုံးသူတစ်ဦးကလည်း “လူငယ်လေးတွေ မင်းတို့ရဲ့လုပ်ရပ်က သိပ်ကောင်းတာပဲ။ မင်းတို့က ကမ္ဘာကြီးကို ပိုနေချင်စရာကောင်းအောင် လုပ်လိုက်တာပါ” လို့ ချီးကျူးဂုဏ်ပြု ရေးသားခဲ့ပါတယ်။

Ref: DailyMail “Heartwarming moment a pair of 13-year-old boys help elderly man who was ‘struggling to walk’ across a busy street – and even stop traffic to keep him safe”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top