Facebook သုံးသူတွေရဲ့ အကူအညီနဲ့ ချစ်သူ့ဓာတ်ပုံကို ပြန်ရခဲ့

161209165627-griffin-madden-girlfriend-exlarge-169.jpg

ဆာယာ တိုမိုင်ယိုကာ (Saya Tomioka) ဆိုတဲ့ အမျိုးသမီးရဲ့ ချစ်သူဟာ ဂိုဒေါင် မီးလောင်ပေါက်ကွဲမှု တစ်ခုမှာ သေဆုံးခဲ့ရပါတယ်။ မိုင်ယိုကာ ဟာ ချစ်သူနဲ့ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြန်လည်စုစည်းနေရင်း အရင်က အမှတ်တရတစ်ခုကို သတိရသွားခဲ့ပါတယ်။

သူမနဲ့ သူမချစ်သူတို့ တိုင်းမ်စကွဲကို သွားလည်တုန်းက နမ်းရှိုက်ကြည်နူးနေတဲ့ ပုံကို အမှတ်တရ ဓာတ်ပုံရိုက်ကူးထားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဓာတ်ပုံကို ပြန် မရွေးယူဖြစ်ခဲ့သလို ဓာတ်ပုံဆရာကိုလည်း မမှတ်မိခဲ့ပါဘူး။ ချစ်သူ ကွယ်လွန်သွားချိန်မှာတော့ အဲဒီ ဓာတ်ပုံကို ပြန်ရယူချင်စိတ်၊ သိမ်းဆည်းထားချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဘယ်လို ဆက်သွယ်ရမှန်း မသိတဲ့အဆုံး သူမရဲ့ facebook စာမျက်နှာမှာ အဲဒီအကြောင်းတွေ စာရေးပြီး လူတွေကို တတ်နိုင်သလောက် မျှဝေပေးကြဖို့ အကူအညီတောင်းခဲ့ပါတယ်။ တကယ်လို့များ ဓာတ်ပုံဆရာသာ မြင်တွေ့ခဲ့ရင် သူမကို ဆက်သွယ်ပြီး ဓာတ်ပုံပေးလာနိုင်လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

လူတွေက ဝိုင်းဝန်းကူညီပေးကြတာမို့ သူမရဲ့ ပို့စ်ဟာ မျှဝေပေးသူပေါင်း ၃၆၀၀ ကျော် ရရှိခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဓာတ်ပုံဆရာ အဗန် (Arken Avan) က အဲဒီ ပို့စ်ကို မြင်သွားခဲ့ပါတယ်။ အဗန်ဟာ တိုမိုင်ယိုကာ ကို ဆက်သွယ်ပြီး ဓာတ်ပုံကို ပြန်ပေးနိုင်ခဲ့ပါတယ်။ ” ဓာတ်ပုံ ပညာဆိုတာ အချိန်ကာလကို နောက်ပြန်သွားနိုင်တဲ့ ကာလယန္တရား (time machine) လိုပဲလေ။ ဒီပုံကို တွေ့ရတဲ့အခါ သူမ ဝမ်းနည်းမှာပါ။ ဒါပေမယ့် အဲဒီပုံကိုတော့ သူမ အမြဲတမ်း သိမ်းဆည်းသွားမယ်လို့ မျှော်လင့်ပါတယ် ” လို့ ဓာတ်ပုံဆရာ အဗန်က ဆိုပါတယ်။

Ref: CNN: “A kiss for eternity: Photo makes way to Oakland fire victim’s girlfriend”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply