လိပ်ကလေးအတွက် အကူအညီ

15439807_1449141188460030_7248137672658017547_n.jpg

အသက်ခုနစ်နှစ် ရှိနေပြီဖြစ်တဲ့ “ဗင်းနစ်စ်” အမည်ရ လိပ်ကလေးဟာ အင်္ဂလန်နိုင်ငံ၊ Oxfordshire ဒေသမှာ ရှိတဲ့ ပိုင်ရှင်အိမ်ကနေ လွတ်ထွက်သွားခဲ့ပါတယ်။

ပိုင်ရှင်က လိပ်ကလေးကို ပြန်တွေ့တဲ့ အခါမှာတော့ လိပ်ကလေးမှာ ခြေထောက်တစ်ဖက် မရှိတော့သလောက် ဖြစ်နေခဲ့ပါပြီ။ “ခွေးကိုက်ခံရလို့ အရိုးတွေ ပေါ်လာတဲ့အထိ အနာတရဖြစ်ခဲ့ပြီး ဒဏ်ရာမှာ လောက်တွေ ဖြစ်လာလို့ ပိုဆိုးလာခဲ့ရတယ်”လို့ အဖြစ်အပျက်တွေကို မြင်ရတဲ့ အိမ်နီးချင်းတစ်ယောက်က ပိုင်ရှင်ကို ပြန်ပြောပြပါတယ်။

လိပ်ကလေးဟာ ကံကောင်းလို့ မသေခဲ့ပေမယ့် လမ်းမလျှောက်နိုင်လောက်အောင် ထိခိုက်ခဲ့ပါတယ်။ တိရိစ္ဆာန်ကု သူနာပြုတစ်ယောက်ကတော့ လိပ်ကလေးရဲ့ ပိုင်ရှင်ကို အင်ဂျင်နီယာတစ်ယောက်လည်းဖြစ်၊ အခြား လိပ်ပိုင်ရှင်တစ်ယောက်လည်း ဖြစ်သူတစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီလူရဲ့ အကြံအတိုင်း လိပ်ကလေးကို ကစားစရာ ဘီးလုံးလေးတွဲလျက် ပါတဲ့ Lego ဘုတ်ပြားကလေးမှာ သားရေကြိုးနဲ့ တွဲချည်စေခဲ့ပါတယ်။ အခုဆိုရင်တော့ လိပ်ကလေးဟာ မြင်နေရတဲ့ အတိုင်း ဘီးလေး အကူအညီနဲ့ ကောင်းကောင်းသွားလာနိုင်နေပြီ ဖြစ်ပါတယ်။

Ref: CCTVNews : “Traumatized tortoise gets a Lego leg”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top