ကမ္ဘာ့ပထမဆုံးဝက်ပန်းချီပညာရှင်ဖြစ်လာတဲ့ ဝက်လေး

7-2-2022-yyl12.jpg

ဂျိုအန် လဖ်ဆန် (Joanne Lefson) ဆိုသူက (၁) လသား ဝက်ပေါက်လေးတစ်ကောင်ကို သားသတ်ရုံတစ်ခုကနေ ကယ်ဆယ်ခဲ့ပြီး မကြာခင်မှာပဲ ဒီတိရစ္ဆာန်လေးက ထူးခြားတယ်ဆိုတာ သိခဲ့ပါတယ်။ ဒီဝက်လေးက သူ့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒအရ တောင်အာဖရိကမှာ တည်ရှိတဲ့ ဘေးမဲ့တောတစ်ခုက ကင်းဗစ်စ်တွေမှာ ပန်းချီရေးဆွဲလာခဲ့ပါတယ်။

၂၀၁၆ခုနှစ်က သားသတ်ရုံတစ်ခုကနေ ကယ်ဆယ်ခံခဲ့ရတဲ့ ဝက်လေး Pigcasso ဟာ ပန်းချီဆွဲရတာကို နှစ်သက်ပျော်ရွှင်နေတာပါ။ နှစ်တော်တော်ကြာ ပန်းချီအများကြီးကို ဖန်တီးခဲ့ပြီးပါပြီ။ အဲဒီထဲက တချို့ကို လေလံတင်ရောင်းချခဲ့တာပါ။ သူ့ရဲ့အနုပညာလက်ရာတွေထဲက တစ်ခုဆိုရင် စံချိန်ချိုးခဲ့တာပါ။ သူ့သခင် ဂျိုအန်ရဲ့အကူအညီနဲ့ပဲ သူ့ရဲ့ပန်းချီတွေထဲ စံချိန်ချိုးခဲ့တဲ့ Wild and Free ကို ယူရို ၂၀၀၀ နဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။

Wild and Free ဆိုတဲ့ပန်းချီလက်ရာကို လေလံတင်ပြီး ၇၂ နာရီအတွင်း ဂျာမန်လူမျိုးတစ်ဉီးက ဝယ်ယူခဲ့ပြီး တိရစ္ဆာန်တစ်ကောင်ဖန်တီးတဲ့ အနုပညာလက်ရာရဲ့ ဈေးအကြီးဆုံးရောင်းချနိုင်မှုစံချိန်ကို ကျော်လွန်သွားခဲ့ပါတယ်။ အရင်က ဒီစံချိန်ကို ပိုင်ဆိုင်ခဲ့သူက ၂၀၀၅ခုနှစ်မှာ ယူရို ၁၄၀၀၀ ဝန်းကျင်နဲ့ ပန်းချီရောင်းချခဲ့တဲ့ ချင်ပန်ဇီမျောက် Congo ဖြစ်ပါတယ်။

ဂျိုအန်က Pigacasso ဟာ သူ့တင်းကုပ်မှာ ရှိတဲ့ ပန်းချီစုတ်တံအဟောင်းတချို့ကလွဲပြီး အရာအားလုံးကို စားတာ (ဒါမှမဟုတ်) ဖျက်စီးပစ်တာကို သတိပြုမိခဲ့တဲ့အခါမှာ ဝက်ကလေးရဲ့ပန်းချီစွမ်းရည်ကို ပျိုးထောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစပိုင်းတော့ Pigcasso ပန်းချီဆွဲရင် အချိန်သိပ်မကြာပါဘူး။ အချိန်ကြာလာရင်တော့ ပန်းချီဆွဲတဲ့လုပ်ငန်းစဉ်က လူနဲ့ တိရစ္ဆာန်ကြား ထူးကဲတဲ့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

Ref: Boredpanda “This Pig Enjoys Painting And Has Become The World’s First Pig Artist”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top