C Plan Kids Supermodel 2019 ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသူလေး Isabell

67721447_426568177950985_8032180127372673024_n-1.jpg

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁) ရက်နေ့က တရုတ်နိုင်ငံ Suzho မှာ C Plan Kids Supermodel 2019 ပြိုင်ပွဲကို ကျင်းပခဲ့ပြီး အဲဒီပြိုင်ပွဲမှာ အသက် (၉) နှစ်အရွယ် ရခိုင်တိုင်းရင်းသူလေး Isabell က မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ First Runner Up ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို နိုင်ငံပေါင်း (၄၅) နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း (၁၂၈) ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုင်းနိုင်ငံက Winner ဆု၊ မြန်မာနိုင်ငံက First Runner Up ဆု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက Second Runner Up ဆုနဲ့ မွန်ဂိုလီးယားနိုင်ငံက Best In Talent ဆုတွေကို အသီးသီးဆွတ်ခူးခဲ့ကြပါတယ်။

မြန်မာနိုင်ငံအတွက်ဂုဏ်ဆောင်နိုင်ခဲ့တဲ့ First Runner Up ဆုရှင်လေး Isabell ကို ၂၀၁၉၊ အောက်တိုဘာကနေ နိုဝင်ဘာထိ ဟန်ဂေရီနိုင်ငံမှာကျင်းပသွားမယ့် World Kids Fashion Week 2019 ကလည်း အထူးရွေးချယ် ဖိတ်ကြားခြင်းထားတယ်လို့သိရပါတယ်။

အခုလို မြန်မာနိုင်ငံဂုဏ်ဆောင်ဆုရခဲ့တဲ့အတွက် ဒီပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ ပွဲစဉ်တစ်လျှောက်ယှဉ်ပြိုင်ရာမှာ အကူအညီအများကြီးပေးခဲ့ကြတဲ့ ဆရာ John Lwin နဲ့ Stars & Model International Org, Talent အတွက် မြန်မာအကသင်ကြားပေးတဲ့ ဆရာမဒေါ်ချောစုမျိုး၊ အားပေးကြတဲ့ပရိသတ်တွေနဲ့အတူ ကျေးဇူးတင်ထိုက်သူ အားလုံးကိုကျေးဇူးတင်ရှိကြောင်း၊ နောက်ထပ်ကြိုးစားမယ့်လှုပ်ရှားမှုတိုင်းကိုလည်း အားပေးကြစေချင်ကြောင်း Isabell က သူ့ရဲ့ Facebook စာမျက်နှာကနေ ပြောကြားထားခဲ့ပါတယ်။

Isabell ရဲ့ ပြိုင်ပွဲဝင်ခဲ့စဉ်ကပုံတွေနဲ့ အလှဓာတ်ပုံတချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Ref: Isabell’s Facebook
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top