အခုလိုခက်ခဲနေချိန်မှာ အားလုံးနဲ့အတူ အဆက်အသွယ်မပြတ်ရှိနေစေဖို့ အူရီဒူးရဲ့ အထူးအစီအစဉ်များ

Ooredoo-Special-Offer-for-TopUp-Voice-Pack-Data-Pack.jpg

အူရီဒူးမြန်မာက အခုလို COVID-19 ရောဂါဖြစ်နေတဲ့၊ ခက်ခဲနေတဲ့အချိန်မှာ အန္တရာယ်ကင်းဖို့နဲ့ အားလုံးနဲ့အတူ အဆက်အသွယ်မပြတ်ရှိနေဖို့ဟာ အရေးကြီးတယ်ဆိုတာကို နားလည်တဲ့အတွက် အခု အူရီဒူးက အရင်ကထက်ဈေးနှုန်း ပိုမိုသက်သာတဲ့ ဒေတာ Pack များ၊ ဖုန်းခေါ်ဆိုရန် voice pack များနှင့် မိမိကြိုက်နှစ်သက်ရာ နည်းဖြင့် ဖုန်းငွေဖြည့်ပြီး ရရှိမယ့် ဖုန်းငွေဖြည့်အပိုလက်ဆောင်များကို အူရီဒူးအသုံးပြုသူများအတွက် အထူးအစီအစဉ်များအဖြစ် ဝန်ဆောင်မှုပေးအပ်လိုက်ပြီဖြစ်ပါတယ်။ အခုလိုဝန်ဆောင်မှုပေးအပ်လိုက်ခြင်းကြောင့် သူတို့အနေနဲ့ အခုလိုခက်ခဲနေတဲ့အချိန်တွေမှာ မိတ်ဆွေများ၊ မိသားစုများနှင့် အဆက်အသွယ်မပြတ်ရှိနေမှာဖြစ်ပြီး အိမ်မှနေ၍လည်း လုပ်ငန်းများကို အကျိုးရှိရှိ ထိထိမိမိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အူရီဒူးဝန်ဆောင်မှုအသုံးပြုသူများအနေနဲ့ ပုံမှန် ငွေဖြည့်ကတ်များဖြင့် ဖြစ်စေ၊ E top-up ဖြင့်ဖြစ်စေ၊ My Ooredoo App ကနေဖြစ်စေ မိမိကြိုက်နှစ်သက်သည့်နည်းလမ်းဖြင့် ဖုန်းငွေဖြည့်လိုက်တိုင်းတွင် ပမာဏများပြားသော ဖုန်းငွေဖြည့်အပိုလက်ဆောင် ၁၂၀ရာခိုင်နှုန်းကို ရရှိနိုင်မှာဖြစ်ပါတယ်။ ရရှိထားတဲ့ ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို သုံးသလောက်ပေးနှုန်းထားဖြင့် ဒေတာအသုံးပြုခြင်း နှင့် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုချင်းတို့ကို ၅ရက်တာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အူရီဒူးအနေဲ့ 4G LTE ဝန်ဆောင်များအတွက် ကွန်ရက်ရဲ့အရည်အသွေးကို ပြီးခဲ့သည့်လက 4G LTE TURBO နည်းပညာဖြင့် နိုင်ငံတစ်ဝန်းတွင် အဆင့်မြှင်တင်ပေးအပ်ခဲ့ပါတယ်။ 1GB ကို ၉၉၉ကျပ်သာကျသင့်မယ့် အခုစတင်ဝန်ဆောင်မှုပေးလိုက်တဲ့ ဒေတာ Pack အသစ်ဖြင့် အူရီဒူးရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မြန်မာ့အမြန်ဆုံး နှင့် အကျယ်ပြန့်ဆုံး မိုဘိုင်းကွန်ရက်ကို အသုံးပြုပြီး အကောင်းဆုံးအင်တာနက်အစီအဉ်များကို အသုံးပြုနိုင်တော့မည်ဖြစ်ပါတယ်။

၇၅၀MB ကို ၇၉၉ကျပ်သာကျသင့်တဲ့ အစီအစဉ်မှစပြီး ၂၀GB ကို ၉,၉၉၉ သာကျသင့်မယ့် အစီအစဉ်အထိ ဒေတာ Pack အမျိုးအစားသစ် (၆)မျိုးရှိပြီး အူရီဒူးဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် မိမိတို့ရဲ့ လိုအပ်ချက်အပေါ်မူတည်၍ ကြိုက်နှစ်သက်ရာ ဒေတာ Pack ကို *140# ကို ဖုန်းခေါ်၍ ဖြစ်စေ၊ My Ooredoo App မှတဆင့်ဖြစ်စေ ဝယ်ယူနိုင်ပါတယ်။ အဲဒီဒေတာ Packတွေက အသုံးပြုရန်ကျန်ရှိနေတဲံ ဒေတာကို အရင်ကလိုပဲ သက်တမ်းမကုန်ခင်မှာ အစီအစဉ်သစ်တစ်ခု ထပ်ဝယ်ခြင်းဖြင့် သက်တမ်းတိုးနိုင်မှာဖြစ်ပါတယ်။

အူရီဒူးက “မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုမှု အစီအစဉ်” ကို သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုသူများအနေနဲ့ အူရီဒူးအချင်းချင်း အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်ရန် ၉၉၉ကျပ်ဖြင့် ဝန်ဆောင်မှုပေးထားပါတယ်။ အဲဒီ ဖုန်းခေါ်ဆိုမှုအစီအစဉ် voice pack များမှာ အမျိုးအစား (၅)မျိုးရှိပြီး မိမိတို့ နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သူတို့အနေနဲ့ *150# ကို ဖုန်းခေါ်၍ဖြစ်စေ My Ooredoo App မှတဆင့်ဖြစ်စေ voice pack ကိုဝယ်ယူနိုင်ပါတယ်။

အူရီဒူးရဲ့ အထူးအစီအစဉ်များကို ဝန်ဆောင်မှုပေးထားခြင်းအားဖြင့် အူရီဒူးအသုံးပြုသူများအနေဖြင့် အကောင်းဆုံးသော ဈေးနှုန်းများဖြင့် သူတို့ရဲ့ချစ်ခင်ရသူများ နှင့် အဆက်အသွယ်မပြတ် ဆက်သွယ်ချိတ်ဆက်နိုင်မှာဖြစ်သလို၊ လုပ်ငန်းများလည်း လုပ်ကိုင်နိုင်ပြီး ဒစ်ဂျစ်တယ် အပန်းဖြေမှုများဖြင့်လည်း အပန်းဖြေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်အေးအေးထားပါ။ လုံခြုံစိတ်ချစွာနေပါ။ အဆက်အသွယ်မပြတ်ရှိနေပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top