ကားဘီးအဝိုင်းပေါက်ထဲ ခေါင်းညပ်နေတဲ့ခွေးတစ်ကောင်ကို မီးသတ်သမားတွေ ကယ်တင်

26.3.24-yyl-14.jpg

အရန်ဆောင်ထားတဲ့ ကားဘီးလုံးထဲမှာ ခေါင်းညပ်နေတဲ့ ခွေးတစ်ကောင်ကို နယူးဇီလန်နိုင်ငံတောင်ပိုင်းမှ မီးသတ်သမားတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ၁၁ လသားအရွယ် လက်ဘရာဒေါခွေးလေး ဒိုင်စီဟာ ကားဘီး အဝိုင်းပေါက်ထဲကို ခေါင်းဝင်ရင်း ပြန်ထုတ်မရ ဖြစ်နေခဲ့တာပါ။

အစပိုင်းမှာ မီးသတ်သမားတွေက ဆပ်ပြာနဲ့ရေ သုံးပြီး ဒိုင်စီရဲ့ခေါင်းကို ပြန်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့သလို ဟင်းသီးဟင်းရွက်ဆီ သုတ်လိမ်းတာလည်း မရခဲ့ပါဘူး။ ဒိုင်စီရဲ့လည်ပင်းကို ပလတ်စတစ်အိတ်နဲ့ပတ်ပြီး ဘီးထဲကနေ ဆွဲထုတ်တာလည်း အလုပ်မဖြစ်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ သံဖြတ်ကတ်ကြေးယူပြီး ကားဘီး အဝိုင်းပေါက်ကို ဖြတ်တောက်ခဲ့ပါတယ်။ ကားဘီးအဝိုင်းပေါက်ကို ဖြတ်တောက်နေချိန်မှာ ဒိုင်စီ မထိခိုက်စေဖို့ သူ့လည်ပင်းကို ရေစွပ်ထားတဲ့ စောင်တစ်ထည်နဲ့ ပတ်ပေးထားခဲ့ပါတယ်။ ကားဘီးအဝိုင်းပေါက်ကို ဖြတ်တောက်နိုင်ချိန်မှာတော့ ဒိုင်စီရဲ့ခေါင်းကို ပြန်ထုတ်ပေးနိုင်ခဲ့တာပါ။

Ref: Firefighters in New Jersey come to the rescue of a yellow Labrador stuck in a spare tire

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top