Telephoto King ဟုတင်စားရသည့် vivo ရဲ့ Flagship စီးရီးတစ်ခုဖြစ်သော vivo X300 Pro ကို မြန်မာငွေ ၄,၉၉၉,၈၀၀ ကျပ်နှင့် vivo Myanmar မှတရားဝင် စတင်မိတ်ဆက်

vivo.jpg

vivo X300 Proကို မတ်လ (၁)ရက်နေ့မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ၁၃သိန်းကျော် တန်ဖိုးရှိသည့် Gift Set အပြင် VIP Card ကိုလည်း လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။ vivo Telephoto Extender Kit နှင့် vivo Imaging Grip Kit တို့နှင့် Set လိုက် ဝယ်ယူသည့် ကာစတမ်မာများကိုလည်း ၂သိန်းကျော်တန် လျှော့ဈေးကူပွန်ကို လက်ဆောင်ရရှိမည် ဖြစ်သည်။

နည်းပညာထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော vivo သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝတွင် အဖိုးတန်လှသည့် အခိုက်အတန့်များကို အဆင့်မြင့်နည်းပညာများနှင့် မှတ်တမ်းတင်ရိုက်ကူးနိုင် ရန် ကြိုးစားလျက်ရှိသည်။ယခုအခါတွင်လည်း နောက်ဆုံးပေါ်နည်းပညာများပါဝင်သော vivo ၏ Flagship ဖုန်းတစ်ခုဖြစ်သည့် vivo X300 Pro ကို မြန်မာငွေ ၄,၉၉၉,၈၀၀ ကျပ်ဖြင့် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး မတ်လ(၁)ရက်နေ့တွင် အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo Counter ရှိ ဖုန်းအရောင်းဆိုင်များတွင် စတင်ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ vivo နှင့် ZEISS ပူးပေါင်းလုပ်ဆောင်မှုဖြင့် vivo X300 Pro တွင် မြင်ကွင်းများကိုကြည်လင်စွာ ဖမ်းယူရိုက်ကူး နိုင်မည့် 200 MP ZEISS Ultra-Clear Imaging စနစ်ပါဝင်သောကြောင့် မိုဘိုင်းဓာတ်ပုံကဏ္ဍတွင် ‌ရှေ့ဆောင်လမ်းပြအဖြစ် ရပ်တည်နေလျက်ရှိသည်။

ဓာတ်ပုံရိုက်ကူးရာတွင် တွဲဖက်ရိုက်ကူးနိုင်သည့် vivo ZEISS 2.35x Telephoto Extender Kit သည့် အဆင့်မြင့်တယ်လီဖိုတိုစွမ်းဆောင်ရည်၊နယ်ပယ်ထိပ်တန်းလုပ်ဆောင်ချက်နှင့်အတူ ကြည်လင်ပြတ်သားပြီး လှပ သည့် Bokeh effect များဖြင့် အရည်အသွေးမြင့် ဓာတ်ပုံကို ဖျော်ဖြေပွဲများ၊အားကစားပွဲများနှင့် ခရီးသွားဓာတ်ပုံ များရိုက်ကူးရာတွေင် မြန်ဆန်လွယ်ကူစွာ ဖမ်းယူရိုက်ကူးနိုင်မည်ဖြစ်သည်။

vivo X300 Pro သည် အကန့်အသတ်များကိုကျော်လွန်၍ ပုံရိပ်စနစ်ကိုတီထွင်မှုကြောင့် အသုံးပြုသူများ အနေဖြင့် နေ့စဉ်သာမန်ရိုက်ကူးမှုမှ professional ဖန်တီးရိုက်ကူးမှုအထိ ပြီးပြည့်စုံသော အတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်သည်။ ဖျော်ဖြေပွဲများအတွက် Stage Mode 2.0 သည် တန်ဖိုးရှိသောအခိုက်အတန့်များကို ဘက်ပေါင်းစုံမှ ဖမ်းယူနိုင် မည်။4K Stage All-in-One Recording သည် ဗီဒီယိုရိုက်ကူးနေစဉ်အတွင်းမှာလည်း ကြည်လင်ပြတ်သား သော ဓာတ်ပုံအရည်အသွေးကို ပေးစွမ်းနိုင်သည်။ Dual-View Stage Video သည် ဖျော်ဖြေပွဲအတွင်း မိမိနှင့် ဖျော်ဖြေသူကို ကင်မရာနှစ်ခုဖြင့် တခါတည်း ပြီးပြည့်စုံစွာ ရိုက်ကူးနိုင်မည်။

vivo သည် X300 စီးရီး၏ စွမ်းဆောင်ရည်အတွက် နောက်ဆုံးပေါ် chip ဖြစ်သော MediaTek နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည်။ Dual-chip နည်းပညာကို အသုံးပြုခဲ့ပြီး Dimensity 9500 နှင့် vivo’s Imaging V3+ chip ကို ဓာတ်ပုံနှင့် ဗီဒီယိုလုပ်ဆောင်မှုများ၏ အရည်အသွေးတိုးမြှင့်ခဲ့သည်။ယခုကဲ့သို့ ပေါင်းစပ်လုပ်ဆောင်မှုမှ တဆင့် Dimensity 9500 ၏ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်သည် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် စစ်မှန်သော ထိပ်တန်းအဆင့် Flagship အတွေ့အကြုံကို ပေးစွမ်းမည်ဖြစ်သည်။


vivo X300 Pro တွင် 6510 mAh ဘက်ထရီ ၊ 90W FlashCharge အားသွင်းစနစ်အပြင် ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်သည်။အကြမ်းခံနိုင်စွမ်းအနေဖြင့် IP69 Dust and Water Resistance ပါဝင်ပြီး ဖုန်ဒဏ်နှင့်ရေစိုဒဏ်ကို ခံနိုင်ရည်ရှိသည်။ X300 Pro ၏ မျက်နှာပြင်သည် Armor Glass နှင့်ပြုလုပ်ထားသောကြောင့် ပါးလွှာပြီး အကြမ်းခံနိုင်ရည်ရှိသည်။3D Ultrasonic Fingerprint Scanning 2.0 သည် မြန်ဆန်သောအတွေ့အကြုံကို ပေးစွမ်းနိုင်ရုံသာမက ရေစိုလက်ဖြင့်လည်းလုပ်ဆောင်နိုင်သည်။ AI SuperLink သည် လိုင်းဆွဲအားကောင်းစေရန် စွမ်းဆောင်ပေးနိုင်ပြီး Efficient Cooling System သည် အချိန်ကြာမြင့်စွာ ဂိမ်းကစားခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းတို့အတွက် လုပ်ဆောင်ချက်မြန်ဆန်စေရန် ထိန်းသိမ်းပေးသည်။

X300 Pro ၏ Unibody 3D Glass ဒီဇိုင်းနှင့်တစ်သားတည်း‌ဖြစ်အောင်ပေါင်းစပ်ထားသော ကင်မရာဒီဇိုင်းသည် ကျော့ရှင်းလှပပြီး လက်ထဲတွင် သက်သောင့်သက်သာခံစားရမည်ဖြစ်သည်။ နောက်ကျောဘက် Coral Velvet Glass သည် နူးညံ့ပြီး လက်ရာထင်ခြင်းကို ကာကွယ်ပေးပြီး ကိုင်လိုက်တာနှင့်လက်နှင့်တစ်သားတည်းဖြစ်နေမည်ဖြစ်သည်။ X300 Pro မျက်နှာပြင်သည် 6.78 လက်မ Flat Displayနှင့် လုပ်ဆောင်ထားပြီး 7.99mm အထူသာရှိသည့်အတွက် Professional ကျပြီး ပရီမီယံခံစားချက်ကို ယူဆောင်လာမည်ဖြစ်သည်။ အရောင်အနေဖြင့် Dune Brown အရောင်နှင့် Phantom Black အရောင် (၂)ရောင်ဖြင့် ဝယ်ယူရရှိနိုင်မည်။

ဝယ်ယူရရှိနိုင်မှုသတင်းအချက်အလက်

vivo X300 Pro ကို မြန်မာငွေကျပ် ၄,၉၉၉,၈၀၀ ကျပ်ဖြင့် တရားဝင်မိတ်ဆက်ခဲ့ပြီး မတ်လ (၁)ရက်နေ့မှ စတင်၍ အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo Counter ရှိ ဖုန်းအရောင်းဆိုင်များတွင် စတင်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ စတင်ဝယ်ယူသူ Customer များအနေဖြင့် (၁၃)သိန်းကျော်တန်ဖိုးရှိ ဆုလက်ဆောင်များရရှိမည်ဖြစ်သည်။ ဆုလက်ဆောင်များအနေဖြင့် 1-Year Warranty ပါဝင်သည့် 10000mAh Wireless Power Bank၊ vivoLife Tote Bag၊ vivoLife Original Magnetic Phone Case ( ၂)ခု နှင့် MPT Data Package တို့ရရှိမည်ဖြစ်သည်။ထို့အပြင် vivo X300 Pro VIP Card ကိုလည်း ရရှိမည်ဖြစ်ပြီး VIP အခွင့်အ‌ရေးများဖြစ်သည့် တစ်နှစ်အတွင်း ဖုန်းမှန်မတော်တဆ ကွဲခဲ့ပါက ၇၀ ရာခိုင်နှုန်း လျော့ဈေးနှင့်ပြုပြင်နိုင်ခြင်း၊ ဝယ်ယူပြီး ၄ နှစ်အတွင်း Battery Health ၈၀ရာခိုင်နှုန်းအောက် ရောက်ခဲ့ပါက စစ်ဆေးပြီး Batteryအသစ်ကို အခမဲ့ လဲလှယ်ပေးခြင်း၊ User Fault (အသုံးပြုသူကြောင့် ဖြစ်သောပြဿနာ) ကြောင့် မဟုတ်ဘဲ Factory Fault (ထုတ်လုပ်မှုဆိုင်ရာ ချို့ယွင်းချက်) ကြောင့်ဖြစ်သည့် ပြဿနာများအတွက် ၂ နှစ် အာမခံပေးခြင်းနှင့် X300 Pro မှန်ကပ် ကိုလည်း vivo Service Center များတွင် အခမဲ့ ၄ကြိမ် ကပ်ပေးခြင်း စသည့် အခွင့်အရေးများကိုလည်းရရှိမည်ဖြစ်သည်။ vivo Myanmar ၏ တရားဝင်ကြောညာထားသော အရောင်းဆိုင်များမှ vivo X300 Pro ဝယ်ယူထားသော Customer များအနေဖြင့် vivo Telephoto Extender Kit နှင့် vivo Imaging Grip Kit ကို ထပ်မံဝယ်ယူပါက မူရင်းဈေးထက် ၁၅ရာခိုင်နှုန်း သက်သာခွင့် Discount Coupon ကို ရရှိမည်ဖြစ်သည်။

#vivoX300Pro
#ZEISSImageGoFurther
#vivoMyanmar

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top