အိမ်မှာ လုံခြုံနွေးထွေးစွာ အနားယူနိုင်ဖို့အတွက် CANAL+ မြန်မာက ဝန်ဆောင်မှုတွေကို အခမဲ့ကြည်ရူ့နိုင်ရန်လုပ်ဆောင်

Stay-Home-2.jpg

CANAL+ မြန်မာက မြန်မာပြည်သူများအတွက် သူတို့ရဲ့ သီးသန့်ထုတ်လွှင့်ခွင့်ရရှိထားတဲ့ ဇာတ်ကားများ၊ ကိုယ်ပိုင်ထုတ်လုပ်ရိုက်ကူးတင်ဆက်မှုများ၊ အစီအစဉ်များ နှင့် အခြားသော ထုတ်လွှင့်ရိုက်ကူးမှုများကို လစဉ်ကြေးပေးဆောင်ရန် မလိုပဲ သင်္ကြန်အချိန်ခါသမယအတွင်း CANAL+ စက်တပ်ဆင်ထားရှိသူများကို အခမဲ့ကြည်ရူ့နိုင်ရန် ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ ဧပြီလ (၉) ရက်နေ့မှာ သိရပါတယ်။

CANAL+ မြန်မာက CANAL+ စက် တပ်ဆင်ထားရှိသူ အားလုံးအတွက် ဧပြီလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အတွင်း လိုင်းပေါင်း ၈ဝ ကျော်အားအခမဲ့ကြည်ရူ့နိုင်ရန် အတွက် ပြုလုပ်ထားရှိပြီး မြန်မာပြည်သူများအားလုံး လတ်တလောကူးစက်ပြန့်ပွားလျက်ရှိတဲ့ ရောဂါမှ မိမိကိုယ်ကိုကာကွယ်ပြီး အိမ်မှာလုံခြုံနွေးထွေးစွာ အနားယူနိုင်စေရန် ရည်ရွယ်ကာ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။

CANAL+က မြန်မာကြည်ရူ့သူပရိတ်သတ်များကို နိုင်ငံတကာရုပ်ရှင်စီးရီးများနှင့် အခြားသောအစီအစဉ်များအပြင် အရည်အသွေးပြည့်ဝသော ပြည်တွင်းရုပ်ရှင်များအားချပြပြီးမတူညီသောရသမျိုးစုံကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မိသားစုတိုင်း အိမ်တိုင်းအတွက် နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်လေးကို အတူတူကုန်ဆုံးနိုင်ဖို့ အတွက် CANAL+ က အစီအစဉ်သစ်များကို ပြသပေးနိုင်ရန် အားထုတ်ကြိုးပမ်းလျက်ရှိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top