အောင်မြင်သော စွန့်ဦးစီးပွား လုပ်ငန်းရှင်များရဲ့အရည်အချင်း ၅ ရပ်

mature-business-man-scaled.jpg

စာရေးဆရာ Stephen key ဟာ လက်ရှိ ကမ္ဘာမှာအောင်မြင်နေတဲ့ စွန့်ဦးစီးပွားပညာရှင်များ (Entrepreneurs) များကို ပညာသင်ကြားပေး ခဲ့သူ ဖြစ်ပါတယ်။ သူ့အတွေ့အကြုံရ အောင်မြင်သော စွန့်ဦးတီထွင် စီပွားရေးလုပ်ငန်းရှင် များမှာ ရှိတတ်တဲ့ အရည်အချင်း ၅ မျိုးကို ဆောင်း ပါး ရေးသားထားပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ ကြိုးစားနေတဲ့ Entrepreneur များအတွက် အကျိုးရှိမယ့် Entrepreneur များရဲ့ အရည်အချင်း ၅ ရပ် ဆောင်းပါးလေးကို ဆီလျော် သလို ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။

၁။ မယိုင်လဲသော စိတ်အားထက်သန်မှု

အောင်မြင်တဲ့ Entrepreneur များရဲ့ Passion လို့ခေါ်တဲ့ စိတ်အားထက် သန် ပြင်းပြမှု/ ဇော ဟာ ဘယ်လိုအကြောင်းမျိုးနဲ့မှ မယိုင်လဲပါဘူ။ ဘယ်နေရာမှာ စိတ်အား ထက်သန်လဲ (Find your Passion) ဆိုပြီး ပြောတော့သာ လွယ်ပါတယ်။ တကယ်တန်း အခက်သား။ တွေ့ပါပြီတဲ့။ အဲ့ဒီ Passion မှာ ကတိသစ္စာနဲ့ စူးစိုက်နှစ်မြှုပ်မှုက တည်ကြည်နေဖို့ လိုပါသေးတယ်။ အချို့က ဝါသနာတော့ ပါတယ်။ အကြောင်းအမျိုး မျိုးကြောင့် အခြား အဆင်ပြေရာ တစ်ခုအပေါ် ပြောင်းလဲပြီး စူးစိုက်နှစ်မြှုစ် လိုက်ရ တယ်ဆိုရင်တော့ Entrepreneur တစ်ယောက် ဖြစ် မလာ နိုင်ပါဘူး။ စိတ်နှစ်ခွ ဖြစ်နေတယ်။ သို့တည်းမဟုတ် ကောက်ရိုးမီးလို ခဏတာ ထလောင်တဲ့ စိတ် – ဘယ်ဟာကို ရွေးလို့ရွေးရမှန်း မသိတာ ဆိုရင်လည်း အချိန်ကာလတ တစ်ခုလောက်ယူပြီး လေ့လာ၊ရှာဖွေဖို့ လိုအပ်နေပါသေး တယ်။

၂။ လေ့လာလိုချင်စိတ်များသူ

လူအောက်ကျို့လို့ မသေဘူးဆိုသလိုပဲပေ့ါ။ Entrepreneur တစ်ယောက် ဟာ ပတ်ဝန်းကျင်ကနေ သင်ယူလို့ ရတာ အကုန်သင်ယူတယ်။ ပတ်ဝန်းကျင် ကနေ ကောင်းတဲ့ အမူအကျင့်လေးတွေ တွေ့ရင် ကိုယ့်ဆီက အကျင့်ဆိုးကို ပယ်ဖျက်လို့ ခံယူ တတ်တဲ့ သဘာဝလေး ရှိပါတယ်။ အဲဒါကို ရေမြှုပ်နဲ့ ဥပမာ ပေးထားပြီး ပတ်ဝန်းကျင်က ကောင်းတဲ့ အမူအကျင့်နဲ့ ပညာရပ်များကို ရရင်ရသလောက် ဆုပ်ယူဖို့ တိုက်တွန်း ထားပါတယ်။

၃။ ဆရာကျချင်စိတ်

Desire to be Expert ကိုဆိုလိုတာပါ။ လုပ်ငန်းနယ်ပယ် တစ်ခုထဲမှာ အချိန်ကြာကြာလုပ်မိတဲ့ Entrepreneur တစ်ယောက်ဟာ ယင်း လုပ်ငန်းရဲ့ သမိုင်းကြောင်းအထိကိုပါ အတွင်းကျကျ လေ့လာတယ်။ အရာဝတ္ထု ပစ္စည်း တစ်ခု သို့မဟုတ် ပညာရပ် တစ်ခုကို စိတ်ဝင်စားပြီဆိုရင်လည်း ယင်း ပညာရပ်အပေါ် အတွင်းကျကျ လေ့လာချင်စိတ်၊ သိချင်စိတ် ပြင်းထန် တာဟာ Entrepreneur တစ်ယောက်ရဲ့ အမူအကျင့် တစ်ခု ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ဘယ်လိုဖြစ်လာမယ့် ဆိုတာကိုပါ တွက်ချက်ခန့်မှန်းပြီး ကိုယ့် Plan အတွက်လည်း အကောင်းဆုံး ရေးဆွဲ နိုင်ပါတယ်။ တော်ရုံ အပေါ်ယံလေးပဲ လေ့လာပြီး စွန့်ဦးတီထွင်မှု တစ်ခုပြုလုပ်မယ် ဆိုရင်တော့ မိုက်ရူးရဲမှု တစ်ခုပါပဲ။

၄။ ရှေ့ရေး ကြည့်တတ်သူ

Entrepreneur တစ်ယောက်ဟာ လက်ရှိ အခြေအနေ လုပ်ဆောင်ချက်မှာပဲ အာရုံစိုက်နေလို့ မပြီးပါဘူး။ ရှေ့ဆက် ပြီးတော့ ဘယ်လိုလုပ်ရမယ်၊ ဘယ် Target ကို ရောက်အောင်သွားရမယ် အစရှိသဖြင့် Future Plan / Timeline က သေသေချာချာ ရှိနေဖို့လည်း လိုအပ်ပါသေးတယ်။

၅။ အဆက်မပြတ်သော အတွေးအခေါ်သစ်

ကိုယ့်ဆီမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေးအခေါ်အိုင်ဒီယာ တစ်ခု၊ Business Idea တစ်ခု ရှိရုံနဲ့ Entrepreneur တစ်ယောက်ဖြစ်ပြီလို့ လက်မ မထောင်နိုင်သေးပါဘူး။ တကယ်ထူးချွန်ပြီး အောင်မြင်တဲ့ Entreperneur တိုင်းမှာ Idea တွေတစ်ခုပြီးတစ်ခု အဆက်မပြတ် တည်ရှိနေတတ် ပါတယ်။ ဒီအိုင်ဒီယာမရရင် ဘယ်လို အိုင်ဒီယာနဲ့ Plan ကို သုံးမယ်။ ဘယ်လမ်းကြောင်းပြောင်းမယ်။ သို့တည်းမဟုတ် ဒီ စီမံကိန်းပြီးရင် နောက် ထပ် ဘယ် စီမံကိန်းနဲ့ ရှေ့ဆက်မယ် အစရှိသဖြင့် ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ရှိနေတတ်ပါတယ်။ ဒီတော့ အရာကိစ္စ တစ်ခုထဲကိုပဲ Destination လို့ မသတ်မှတ်ရပါဘူး။ တစ်ခုပြီးတစ်ခု တွေးခေါ် ကြံစည် လုပ်ဆောင် နေရတာကို Life Style တစ်ခုလို့ သတ်မှတ်ထားခြင်းဟာ Entrepreneur ကောင်းတစ်ယောက်ရဲ့ အရည်အချင်း တစ်ခုပဲ ဖြစ်ပါတယ်။
.
Ref: Entrepreneur.com

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top