လမ်းမကြီးများဘေး နေထိုင်သူများတွင် စိတ်ရောဂါ ဖြစ်ပွားနိုင်မှုနှုန်း ပိုများ

roadlarge.jpg

မော်တော်ယာဉ်အသွားအလာများပြားတဲ့ လမ်းမကြီးတွေရဲ့ ဘေးနားမှာ နေထိုင်ကြသူတွေမှာ စိတ်ဖောက်ပြန်မှု (dementia) ဖြစ်နိုင်ချေဟာ သာမန်ထက် ပိုများတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောရရင် သာမန်လူတွေထက် ခုနစ်ရာခိုင်နှုန်း ပို ပါတယ်တဲ့။

ဒီလိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ လေထုညစ်ညမ်းမှုနဲ့ ဆူညံသံတွေက ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေတာကြောင့်ပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ ၊ အွန်တာရီယို (Onrario) ပြည်နယ်မှာ ပြုလုပ်တဲ့ စမ်းသပ်ချက်တွေအရ စိတ်ဖောက်ပြန်မှု ဝေဒနာကို ခံစားနေရသူ (၁၀) ယောက်မှာ တစ်ယောက်ဟာ မော်တော်ယာဉ်အသွားအလာများတဲ့ လမ်းမကြီးတွေနဲ့ မီတာ (၅၀) အတွင်းမှာ နေထိုင်သူ ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။

Ref: The Independent ” Living near major roads can increase risk of dementia, says study”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top