ဂျပန်လူမျိုးများထံမှ သင်ယူ လေ့လာသင့်သော အသက်ရှည် ကျန်းမာစွာ နေထိုင်ခြင်း အနုပညာ

japanese-man-and-woman.jpg

‘အာ​ရောဂျံ ပရမံလာဘံ’ ဆိုတဲ့ မြန်မာဆိုးရိုးစကားကို မြန်မာလူမျိုးတိုင်း ကြားဖူးကြမည် ထင်ပါတယ်။ အဓိပ္ပာယ်ကတော့ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ မိမိလိုရာကို လုပ်ဆောင်နိုင်မည် မဟုတ်ပါလား…။ လောကမှာ အရေးကြီးဆုံးအရာတစ်ခု လို့ပြောရရင် ကျန်းမာရေးသည် နံပါတ်တစ်လို့ ပြောရင်တောင်မှားမယ် မထင်ပါဘူး။

မြန်မာလူမျိုးများအနေနဲ့ ကျန်းမာစွာနေထိုင်ဖို့ အသိပညာ ​ဗဟုသုတများ ရရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့ ပြုမူနေထိုင် ကျင့်ကြံမှုများကို ပြန်လည် ဆန်းစစ်ဖို့လို အပ်ပါမယ်။ မိမိတို့အတွက် မည်သည့် ကျန်း​မာရေးနဲ့ မအပ်စပ်သော အပြုအမူများကို မဆိုလက်လွတ်ရမှာဖြစ်ပြီး အပ်စပ်မယ့် အရေးကြီးမယ့် အနေအထိုင် အပြုအမူများကို လက်ကိုင် ထားရမည်ဖြစ်ပါတယ်။ ဒါကြောင့် မည်သို့မည်ပုံနေထိုင်ကြ မလဲဆိုသည်ကို လေ့လာ ရမည့်ဖြစ်ပါတယ်။

အထူးသဖြင့်တော့ ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်ဖို့သည် အပြောနဲ့ တင်မရပဲ ပြုမူကျင့်ကြံ ဆောင်ရွက်သင့်တယ် မဟုတ်ပါလား…။ ထိုသို့နေထိုင်ဖို့ မိမိတို့ နဲ့ အလှမ်းမ​ဝေးတဲ့ ဂျပန်လူမျိုးများ ရဲ့ ကျန်းမာစွာနေထိုင်ခြင်း ကို စံနမူနာ ယူကြည့်လိုက်ကြပါစို့…။ ဂျပန်လူမျိုးများဟာ ကမ္ဘာမှာ အသက်ရှည်ကြာဆုံးနဲ့ နေထိုင်နိုင်ကြတဲ့ လူမျိုများဖြစ်ပါတယ်။ သူတို့ ဘယ်လိုဒီလောက်ထိ နေထိုင်ကြသ လဲဆိုတာကို စိတ်၀င်စားမိမှာ သေချာပါတယ်…။ ဟုတ်ပါတယ်… လူ့ သက်တမ်း ရှည်ကြာစွာ နေထိုင်နိုင်ဖို့ လွယ်ကူတဲ့ ကိစ္စတော့မဟုတ် ပါဘူး။
ကဲဒါဆို အချက်အလက် ကိန်းဂဏန်းတွေ နဲ့ ဂျပန်လူမျိုးများ မည်သို့မည့်ပုံ နေထိုင်ကျင့်ကြံကြသလဲဆိုတာ နဲ့ ကို ကြည့်ကြရအောင်နော်…။

ဂျပန်နိုင်ငံမှာ ရှိတဲ့ လူဦးရေ ၂ သန်းခန့်လောက်ဟာ အသက် ၉၀ ကျော်တွေဖြစ်ကြပါတယ်…။ ဒီ ၂ သန်းခန့်ထဲက လူပေါင်း ၇​ သောင်းခန့်လောက်ဟာ အသက် ၁၀၀ (သို့) ထိုအထက် ရှိကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ပျမ်းမျှ လူ့ သက်တမ်းကတော့ ၈၄.၂ နှစ်ဖြစ်ပါတယ်။ အသေးစိပ်ကြည့်ပါက ဂျပန် အမျိုးသားများရဲ့ ပျမ်းမျှလူ့သက်တမ်းက၈၁.၁ နှစ်ရှိပြီး ၄င်းအမျိုးသမီးများရဲ့ ပျမ်းမျှလူ့သက်တမ်းကတော့ ၈၇.၁ နှစ်ဖြစ်ပါတယ်…။ ဒါဟာ အင်မတန်ကို သက်တမ်းကြာရှည်တယ်လို့ ထင်မြင်မိပါတယ်…။ ဒီလိုသက်တမ်းကြာရှည်စွာ နေထိုင်နိုင်ရခြင်းကတော့ မျိုးရိုးဗီဇ ကြောင့်ချည်း မဟုတ်ပါဘူး…။ ယင်း တို့ရဲ့ စား သောက်မှုဆိုင်ရာနဲ့ နေထိုင်ကျင့်ကြံမှုကြောင့်ဖြစ်ပါတယ်…။

ဂျပန်လူမျိုးများဟာ များသောအားဖြင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ ရာသီအလိုက်ထွက်တဲ့အသီးအနှံများ၊ ကြာရှည်စွာမထားတဲ့ အစားအစာများကို သာစားသုံးလေ့ရှိပါတယ်။ ရလဒ်အနေနဲ့ ဂျပန်နိုင်ငံရဲ့ အ၀လွန်နှုန်းဟာ ၃.၆ ရာခိုင်နှုန်းပဲရှိပါတယ်…။ ဆိုလိုသည်မှာ လူအနည်းငယ်ခန့်လောက်သာ အ၀လွန်တွေဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ အ၀လွန်နှုန်း အနိမ့်ဆုံးနိုင်ငံအဖြစ်ရပ် တည်နေပါတယ်။ စိတ်၀င်စားဖို့ကောင်းသည်မှာ ဂျပန်လူမျိုးများဟာ ပင်လယ်စာတွေကို အရမ်းစား သုံးကြပါတယ်။ နောက်ပြီး သားကြီး (၀က်၊အမဲ၊) တွေထက် လတ်ဆတ်တဲ့ ငါးတွေကိုသာ ပိုမိုစားသုံးကြပါတယ်။ ဒီအချက်တွေကြောင့် ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ ငါးစားသုံးမှုအများဆုံး ၆ နိုင်ငံထဲမှာ ပါ၀င်နေပါတယ်။

သဘာ၀အားဖြင့် ငါးများတွင် အဆီဓာတ် နဲ့ ကိုလက်စထရောဓာတ် များသည် ထိုသားကြီး (၀က်၊အမဲ) များထက်နည်းခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး နှလုံးရောဂါကြောင့် သေဆုံးခြင်းဖြစ်မှုနှုန်းကို ၃၆% အထိလျှော့ချပေးပါတယ်။ အသက်ရှည်နေထိုင်နိုင်ခြင်း နောက်ကွယ် နောက်ထပ်အချက်တစ်ခုမှာ ဂျပန်လူမျိုးများသည် ရိုးရာလက်ဖက်ရည်ကြမ်း (အစိမ်းရောင်လက်ဖက်ရည်) ကိုအလွန် သောက်သုံးကြလေ့ရှိပါ တယ်။ ယင်းတို့ရဲ့ လက်ဖက် ရည်ကြမ်းများတွင် ကော်ဖီဓာတ်ထက် သဘာ၀အတိုင်းရရှိတဲ့ ဓာတ်တိုးဆန့်ကျင့်မှု (Antioxidants) ဓာတ်ပိုမိုပါ၀င် ပါတယ်။ ဒီအတွက်ကြောင့် ခန္ဓာကိုယ်တွင်းမှာ ကင်ဆာဖြစ်စေမှု၊ ကိုလက် စထရောဓာတ် မြင့်မားမှုတွေကို တိုက်ဖျက်ပေးပါတယ်။နောက်ပြီး ဂျပန်လူမျိုးများဟာ ပင်လယ်ရေညှိ နဲ့ ပရိုတိန်းဓာတ်ပါတဲ့ အစားအစာများကိုလည်း စားသုံးကြပါတယ်။ ခန့်မှန်း ​ခြေအားဖြင့် နှစ်စဥ် ဂျပန်နိုင်ငံတွင် ပင်လယ်ရေညှိ တန်ချိန် တစ်သိန်း ခန့်ကို စားသုံးကြပါတယ်။ ပင်လယ်​ရေညှိ တစ်ခွက်တွင် ပရိုတိန်းဓာတ် ၂−၉ဂရမ် ပါ၀င်မှုရှိပါတယ်။၄င်းတွင် သဘာ၀ အိုင်အိုဒင်း ဓာတ်နဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို ထိန်းညှိပေးသည့် (thyroids) ဓာတ် လည်းပါ၀င်ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောင့်မှုစနစ် သည် ကမ္ဘာတွင် အကောင်းဆုံးထဲက တစ်ခုဖြစ်သည်။ အစိုးရအနေနဲ့ ကျန်းမာရေး ကုသမှုစရိတ်ကို ၇၀% အထိထောက်ပံ့ ပေးထားပါတယ်။ ဒါ့အပြင် ၀င်ငွေနည်းတဲ့ နိုင်ငံသားတွေအတွက်ကိုတော့ ကုန်ကျစရိတ် ၉၀% အထိထောက်ပံ့ပေးပါတယ်။ ဂျပန်လူမျိုးများရဲ့ အသက်ကြာရှည်စွာ နေထိုင်နိုင်ခြင်းရဲ့ နောက်ထပ် သတိပြုရမည့် အချက်မှာ အစားအစာ စားသုံးမှု ပမာဏဖြစ်သည်။ ဂျပန်လူမျိုးများသည် အခြားနိုင်ငံသားများနဲ့ နှိုင်းယှဥ်လျင် အစား အစာ သုံးဆောင်မှု ပမာဏနည်းပါတယ်။ ယခု အ​လေ့အထသည် ခန္ဓာကိုယ် အလေးချိန် ထိန်းညှိခြင်းနဲ့ အစာချေဖျက်မှုစနစ် အတွက်အလွန် ကောင်းမွန်ပါတယ်။

ထို့အပြင် ဂျပန်လူမျိုးများသည် အရမ်းတက်ကြွစွာ နေထိုင်တတ်ကြလေ့ရှိတယ်။ သူတို့သည် အလုပ်ကို လမ်းလျှောက်သွားခြင်း၊ စက်ဘီးစီးသွားခြင်းတို့ ဖြင့် သွားကြလေ့ရှိပါတယ်။ ဒါ့အပြင် အသက်ကြီးရွယ်အို များသည်လည်း ယင်းတို့တတ်နိုင်သလောက် ကိုယ်လက် လှုပ်ရှားမှုနဲ့ အားကစားများတွင် ပါ၀င်လုပ်ဆောင်ကြပါတယ်။ ၈၅% သော ဂျပန်လူမျိုးများ သည် ယင်းတို့ရဲ့ တစ်နေ့တာ အချိန်ကို ရေချိုးမှုနဲ့ အချိန်ကုန်ဆုံးကြ လေ့ရှိပါတယ်။

ဆက်လက်ပြီး ဂျပန်လူမျိုးများရဲ ရေအ​​နွေးဓာတ်ဖြင့် ရေချိုးခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ချွေးထွက်ခြင်းမှ တစ်ဆင့် ဖယ်ရှားပေးတယ်။ ရေမှ အပူနွေးဓာတ်များသည် ခန္ဓာကိုယ်ရောင်ရမ်းမှုများကို သက်သာစေပြီး စိတ်ဖိစီးမှုများကို ဖြေဖျောက်လျှော့ချ ပေးနိုင်စွမ်းရှိပါတယ်။ ယင်းသည်လည်း သွေးလေလည်ပတ်မှုကို အထောက်အပံ့ပေးစေပြီး ကိုယ်ခုခံအား ကို တိုးမြှင့်ပေးစေပါတယ်။ ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုများကို တန်ဖိုးထား လေးစားရမယ့် လူတန်းစား တစ်ရပ်ဟု အသိအမှတ်ပြုထားပါတယ်။ အသက်အရွယ်ကြီးသူများကို တလေးတစား ဆက်ဆံကြရမည်ဟု ယုံကြည်ထား၏။ ဒီအတွက်ကြောင့် လူကြီးသူမ များသည် စိတ်ပျော်ရွှင်မှုပိုမိုရရှိပြီး ယင်းတို့ရဲ့ အသက် ရှင်ချိန်တွေ ကို ​​ပျော်ရွှင်စွာ ဖြတ်သန်းနေနိုင်ကြပါတယ်။

ခြုံငုံသုံးသပ်ရလျှင် ဂျပန်လူမျိုးများ အသက်ရှည်ကျန်းမာခြင်းသည် ယင်းတို့ရဲ့ ပြုမူနေထိုင်ခြင်းများနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ မိမိတို့အနေနဲ့ မျိုးရိုးဗီဇ ကို ပုံချ အပြစ်ပြောနေမယ့် အချိန်မရှိပါဘူး…။ ကျွန်တော်တို့ လုပ်လို့ရသည်မှာ ကျန်းမာစွာ နေထိုင်မှု ကျင့်ကြံမှု နည်းစနစ်များ ကို လိုက်နာကျင့်သုံးဖို့သာလို၏။ အထူးသဖြင့်တော့ ရောဂါ များဖြစ်ပွားလာရခြင်းသည် မိမိတို့ လုပ်ဆောင်လိုက်တဲ့ အချက်များပေါ်တွင် မူတည်နေပါတယ်။ မိမိတို့ စားသုံးလိုက်တဲ့ အစားအစာ နဲ့ မိမိတို့ ပြုမူနေထိုင်တဲ့ စနစ်သည် ကျန်းမာရေး ညီညွတ်မှုရှိလားကို စဥ်းစားပြီး ပြောင်းလဲကျင့်သုံးရမည်။

သာဓကများဖြင့်ပြောရလျှင် မြန်မာလူမျိုးအများစုသည် ကွမ်းယာကို အရမ်းကြိုက်ကြတယ်…။ ဒါပေမယ့် ကျန်းမာရေး အတွက် ကောင်းကျိုးမပေး သည်ကို သိသိရက်နဲ့ စားသုံး နေကြပါတယ်…။ ဒါ့အပြင် ဟင်းချက်လျှင် ဆီမြုပ် မှ စားတတ်ကြတယ်မဟုတ်လား…။နောက်ပြီး ကိုယ်လက်လှုပ်ရှား အားကစားကိုလည်း အသက်ကြီး လာရင် မိမိတို့နဲ့မဆိုင်တော့ သလို နေကြလေ့ရှိတယ်…။ နေမကောင်းဖြစ် လာရင် ဆေးရုံဆေးခန်းကိုသာ အားကိုးကြတယ်။ ဆေးသောက်ရင်ပျောက်တယ်… ဆိုတော့ ဆေးကြီးပဲသောက်နေလို့ မရပါဘူး…။ ခန္ဓာကိုယ် လှုပ်ရှားမှု ပြုလုပ်ဖို့အရမ်းလိုအပ်ပါတယ်…။

ကျွန်တော်တို့ တစ်နေတာမှာ အချိန်ပေးနိုင်ရင် အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်ပါတယ်…။ မိမိနေထိုင်ရာပတ်၀န်းကျင်မှာ အားကစားနဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာ မရှိသော်ငြားလည်း.. အခြားသော အားကစား ဥပမာ− အပြေး၊ လမ်းလျှောက်၊ သွေးပူလေ့ကျင့်ခန်းများ အိမ်မှာတင်လုပ်နိုင်ပါတယ်…။ ဒါမှသာ ရောဂါဘာယကို တစ်နည်းတစ်ဖုံ လျှော့ချပြီး ကာကွယ်စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်…။

နိဂုံးချုပ်အနေနဲ့ ပြောရလျှင် ဂျပန်လူမျိုးများရဲ့ ကျန်းမာရေးဆိုင်ရာ ပြုမူကျင့်ကြံမှုကို မိမိတို့ အတုယူရမည်…။ သူတို့လို ကောင်းမွန်တဲ့ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀မရတဲ့ မိမိတို့ လိုနိုင်ငံမှာနေထိုင်တဲ့ လူများဟာ ပိုပြီးတော့ မိမိကိုယ် ကို ဆင်ခြင်စွာနေထိုင်ရမယ့် အသိများ၀င်စေချင်ပါတယ်…။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရဲ့ ကျန်းမာရေးဟာ ကျွန်တော်တို့ ရဲ့ လက်ထဲမှာပဲ ရှိလို့ပါးနပ်စွာ အသက်ရှင် နေထိုင်ဖို့သာ အရေးကြီးပါတော့ တယ်…။

မြန်မာလူမျိုးများ အသက်ရှည်ကျန်းမာ စွာနေထိုင်စေဖို့…ကျန်းမာစေမယ့် နည်းလမ်းများ
ကို လက်တွေ့လုပ်ဆောင် ကျင့်သုံးကြပါစို့…။

Ref: Hashem Al-Ghaili

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top