အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ မီးတောင်ပေါက်ကွဲပြီး အမြင့် ၈ ကီလိုမီတာအထိ ပြာမှုန်တွေ လွင့်ပျံနေတာကြောင့် ဘာလီကျွန်းမှ ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းခရီးစဉ် ၇ ခုထက်မနည်းကို ဖျက်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့နှောင်းပိုင်းက ဖလောရက်စ်ကျွန်းပေါ်မှ ၁၇၀၃ မီတာမြင့်တဲ့ လီဝိုတိုဘီလာကီလာကီမီးတောင်ဟာ ၁၁ မိနစ်၊ ၉ စက္ကန့်ကြာ ပေါက်ကွဲခဲ့ပြီး အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ အဲဒီအတွက် သြစတြေးလျနိုင်ငံကို ပျံသန်းမယ့် Jetstar လေကြောင်းခရီးစဉ် ၇ ခု၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ပျံသန်းမယ့် Air Asia လေကြောင်းခရီးစဉ် ၁ ခုကို ဖျက်သိမ်းခဲ့ရပါတယ်။
ဒါ့အပြင် ထိုင်း၊ စင်ကာပူ၊ သြစတြေးလျ နိုင်ငံတွေကို ပျံသန်းမယ့် နိုင်ငံတကာခရီးစဉ်တွေနဲ့ ပြည်တွင်းလေကြောင်းခရီးစဉ် တော်တော်များများလည်း နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။
Ref: Flights from Bali cancelled after Indonesia volcano eruption
NZ ( ရိုးရာလေး)