နာဂျစ်ကို အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင် စတင်စစ်ဆေး

2018_05_22_46339_1526956170._large.jpg

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ သူရဲ့ ဘဏ်အကောင့်ထဲကို အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၆ သန်း လွှဲပြောင်းခဲ့မှုအပေါ် သံသယရှိခံရတာကြောင့် မလေးရှား အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ စုံစမ်း စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

အဆိုပါငွေကြေးဟာ မလေးရှားနိုင်ငံ ဖွံဖြိုးရေး ရံပုံငွေ 1MDB ရဲ့ ဘီလီယံချီ ငွေတွေထဲက အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်နေပါတယ်။ နာဂျစ်ရဲ့ ဆယ်စုနှစ်နီးပါးကြာ အုပ်ချုပ်ခဲ့တဲ့ကာလ နောက်ဆုံး သုံးနှစ်အတွင်း 1MDB ရံပုံငွေနဲ့ ပတ်သက်လို့ အရှုပ်ထွေးတွေ ပေါ်ပေါက်ခဲ့ပြီး အဲဒီ ပြဿနာတွေကြောင့်လည်း နာဂျစ်ဟာ မေလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

မလေးရှားခေါင်းဆောင်သစ် မဟာသီယာဟာ နိုင်ငံရေးလောကကနေ အနားယူနေရာမှ ရွေးကောက်ပွဲမှာ ပြန်ယှဉ်ပြိုင်ချိန်အတွင်း အနိုင်ရခဲ့ပြီး မလေးရှား 1MDB ရံပုံငွေနဲ့ ပတ်သက်လို့ စုံစမ်းဆေးတွေအပြင် ရံပုံငွေထဲကနေ ပျောက်ဆုံးနေတဲ့ငွေတွေကို ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြောထားခဲ့ပါတယ်။ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်နဲ့ ဇနီးဖြစ်သူ ရိုစ့်မက်မန်ဆာတို့ဟာ နိုင်ငံပြင်ပကိုထွက်ခွင့် ပိတ်ပင်ခံထားရပြီး ၎င်းတို့နေအိမ်နဲ့ အခြား ပိုင်ဆိုင်တဲ့နေရာတွေကို ရဲတွေက ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

၂ဝ၁၅ ခုနှစ်မှာ 1MDB ရံပုံငွေနဲ့ ပတ်သက်လို့ အရှုပ်ထွေး ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်ပိုင်းကတည်းက ဝန်ကြီးချုပ်ဟောင်း နာဂျစ်က အမှားယွင်း တစ်စုံတစ်ရာ မလုပ်ခဲ့ဘူးလို့ ငြင်းခဲ့ပေမဲ့ မလေးရှား ရှေနေ့ချုပ်နဲ့ အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးအေဂျင့်စီမှ အရာရှိတွေကို အစားထိုးခဲ့ပါတယ်။ ဒါ့အပြင် 1MDB ငွေကြေး အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပိတ်သိမ်းစေခဲ့တယ်လို့ သိရပါတယ်။

မလေးရှားအကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ နာဂျစ်ရဲ့ဘဏ်အကောင့်ထဲကို SRC နိုင်ငံတကာအဖွဲ့အစည်းက အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၆ သန်းလွဲပြောင်းပေးမှုအပေါ် ကနဦးစုံစမ်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Ref: Reuters “Malaysia’s embattled Najib questioned by anti-corruption agency”

Kaung htet ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top