အမေရိကန်နိုင်ငံ အာကန်းဆက်ပြည်နယ်၊ ကာဘော့မြို့မှာ Walmart စတိုးရဲ့ ညစောင့်အလုပ်လုပ်တဲ့ အမျိုးသားတစ်ယောက် ရှိတယ်။ သူ့နာမည်က ဘီလ်ပါ။ ဘီလ်က အမြင်အာရုံ ၁၀ ရာခိုင်နှုန်းအောက်သာ မြင်ရပြီး ( မျက်မမြင်အဖြစ် တရားဝင် သတ်မှတ်နိုင်)အလုပ်အသွားအပြန် ၅ မိုင်ခရီးကို တစ်ယောက်တည်း လမ်းလျှောက်သွားရသူပါ။ မိုးရွာရွာ၊ နေပူပူ ညဆိုင်း အလုပ်ဆင်းပြီးရင် သူ့အိမ်ကို တစ်ယောက်တည်း လမ်းလျှောက်ပြန်ရတယ်။
တစ်ရက်မှာတော့ ကွန်ရက်ဒ်ဆိုတဲ့ အမျိုးသမီးက ဘီလ်ကို သတိထားမိသွားပြီး သူ့ကားနဲ့ လမ်းကြုံတင်ခေါ်ခဲ့တယ်။ ကားပေါ်မှာ စကားပြောရင်း ဘီလ်က အမြင်အာရုံ ဆုံးရှုံးနေသူဆိုတာ သိလိုက်ရလို့ ကွန်ရက်ဒ်က ဘီလ်ကို ကူညီပေးနိုင်ဖို့ ဖေ့ဘွတ်ခ် ဂရုတစ်ခု ဖွဲ့ခဲ့တယ်။ မစ္စတာဘီလ်ရဲ့ရွာ(Mr. Bill’s Village)လို့ အမည်ရတဲ့ ဖေ့ဘွတ်ခ်ဂရု ဖွဲ့ပြီး ရပ်ရွာအတွင်း နေထိုင်ကြသူတွေက လမ်းကြုံတဲ့အခါ ဘီလ်ကို တင်ခေါ်ပေးကြဖို့ ကွန်ရက်ဒ်က ရည်ရွယ်ခဲ့တာပါ။
အဲဒီဖေ့ဘွတ်ခ်ဂရုဟာ အခုဆိုရင် အဖွဲ့ဝင် ၁၅၀၀ ကျော် ရှိနေပြီဖြစ်ပြီး ဘီလ်ကို လိုက်ပို့ပေးချင်သူတွေ ဒုနဲ့ဒေး ဖြစ်နေပါပြီ။ ဘီလ်ကို လိုက်ပို့ခွင့်ရဖို့တောင် အပြိုင်အဆိုင် လုနေရသလိုပါပဲ။ ဒါကြောင့် ဘီလ်လည်း အရင်ကလို လမ်းလျှောက်နေစရာ မလိုတော့ပါဘူး။
Ref:For Years Bill Walked 6 Miles to Work Until She Gave Him a Lift–And Started a Rideshare Service Just for Him
NZ ( ရိုးရာလေး)