လူသားစက်ရုပ်ကို ထုတ်ဖော်ပြသစဉ် အမျိုးသမီးသတင်းထောက်ရဲ့နောက်ဘက်ကို လာထိခဲ့

12.3.24-yyl-2.jpg

ဆော်ဒီအာရေဗျနိုင်ငံက စက်ရုပ်ကုမ္ပဏီတစ်ခုဟာ ယောကျ်ားလေးလူသားစက်ရုပ်တစ်ရုပ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ထုတ်ဖော်ပြသစဉ်အတွင်း လူသားစက်ရုပ်က အမျိုးသမီးသတင်းထောက်ရဲ့နောက်ဘက်ကို လာထိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

စက်ရုပ်ကုမ္ပဏီ QSS က ၂၀၂၄ ခုနှစ် မတ်လ ပထမပတ်မှာ လူသားစက်ရုပ်ဖြစ်တဲ့ မိုဟာမက်ကို ပွဲထုတ်ပြခဲ့တာပါ။ စက်ရုပ်က ဆော်ဒီရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး အာရဗီနဲ့ အင်္ဂလိပ်စကားပြောဆိုခဲ့တာပါ။ မိုဟာမက်ရဲ့ဘေးနားမှာ ရပ်ပြီး ပွဲလာတဲ့သူတွေကို တင်ဆက်ပေးနေတဲ့ သတင်းထောက် ရော်ရာ ကာစ်ဆန်ရဲ့နောက်ဘက်ကို မိုဟာမက်က ထိသလိုလုပ်ခဲ့တာပါ။

ကာစ်ဆန်က ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကြောင့် စိတ်ရှုပ်ထွေးသွားပုံရကာ စကားဆက်မပြောခင် မိုဟာမက်ကို စိုက်ကြည့်ပြီး သူ့ရဲ့လက်ဖဝါးကို မြှောက်ပြကာ တုံ့ပြန်ခဲ့ပါတယ်။ စက်ရုပ်က လူသားရဲ့တိုက်ရိုက်ထိန်းချုပ်မှုမရှိဘဲ အမှီအခိုကင်းစွာလုပ်ဆောင်နေတယ်လို့ QSS ကဆိုပါတယ်။ သရုပ်ပြမှုအတွင်း သတင်းထောက်အပါအဝင် တက်ရောက်လာသူတွေအားလုံးကို စက်ရုပ်နဲ့ ဘေးကင်းတဲ့အကွာအဝေးကနေ နေဖို့ ဝန်ထမ်းတွေက အသိပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။ စက်ရုပ်လှုပ်ရှားမှုအတွင်း ဘယ်သူမဆို အနီးကပ်နေတာကနေ ကာကွယ်ဖို့ နောက်ထပ်အစီအမံတွေ ပြုလုပ်ရမယ်လို့လည်း ပြောပါတယ်။

မိုဟာမက်ကို အမျိုးသားပုံစံ ပထမဆုံးဆော်ဒီစက်ရုပ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ စက်ရုပ်က ဆော်ဒီအာရေဗျရဲ့ AI အောင်မြင်မှုကို မီးမောင်းထိုးပြဖို့ အမျိုးသားစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။

ဗီဒီယိုကြည့်ရှုရန် – https://shorturl.at/atxK2

Ref: ‘Male’ humanoid robot in Saudi Arabia touches female reporter’s rear during unveiling

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top