နှစ် (၄၀) လုံးလုံး ဆံပင်မညှပ်၊ ခေါင်းမလျှော်ခဲ့သူ

67387479_2486969874667251_383106366929108992_n.jpg

နှစ် (၄၀) လုံးလုံး ဆံပင်မညှပ်၊ ခေါင်းမလျှော်ခဲ့တဲ့ အိန္ဒိယအမျိုးသားတစ်ယောက်ဟာ အခုအချိန်မှာ (၆) ပေရှည်လျားတဲ့ ဆံပင်ရှိနေပါတယ်။ အသက် (၆၃) နှစ်ရှိတဲ့ တက်ဒူဟာ အရှေ့ပိုင်းဘီဟာပြည်နယ် မန်ဂျာခရိုင်မှာ နေထိုင်သူပါ။ လွန်ခဲ့တဲ့ နှစ် (၄၀) လောက်တုန်းက တစ်ညမှာ အလိုလိုနေရင်း သူ့ဆံပင်တွေ အခွေလိုက်ဖြစ်သွားတယ်လို့ တက်ဒူက ဆိုခဲ့ပြီး ဒီဖြစ်ရပ်ကို ဘုရားရဲ့ ကောင်းချီးပေးမှုလို့ မှတ်ယူခဲ့ပါတယ်။

အိပ်မက်ထဲက ဘုရားက သူ့ဆီရောက်လာပြီး ဆံပင်မညှပ်ဖို့ ပြောခဲ့တာကြောင့် အဲဒီအချိန်ကတည်းက ဆံပင်မညှပ်တော့ဘူးလို့ တက်ဒူက ဆိုပါတယ်။ အဲဒီအချိန်ကစပြီး တက်ဒူဟာ အရက်နဲ့ ဆေးလိပ်ကိုလည်း ဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တက်ဒူရဲ့ အသွင်အပြင်ကြောင့် အိမ်နီးနားချင်းတွေက သူ့ကို မဟတ္တမဂျီလို့ ခေါ်ကြပါတယ်။ သူဟာ နာမည်ရတဲ့ ဗန္ဓောဆရာတစ်ယောက် ဖြစ်လာပြီး သားသမီးမထွန်းကားတဲ့ အိမ်ထောင်ရှင်တွေကို ဆေးမီးတိုနဲ့ ကုသပေးလေ့ရှိပါတယ်။ တက်ဒူဟာ သစ်တောဌာနမှာ (၃၁) နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့ပြီး သား (၃) ယောက်၊ သမီး (၃) ယောက်၊ မြေး (၇) ယောက်ရှိပါတယ်။ တက်ဒူဟာ ကမ္ဘာ့ဆံပင်အရှည်ဆုံးလူသားတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ဆံပင်အရှည်ဆုံးစံချိန်တင်ထားသူကတော့ ၂၀၁၈ ခုနှစ်တုန်းက အသက် (၅၅) နှစ်အရွယ်ရှိတဲ့ ကင်ညာနိုင်ငံဖွား အမေရိကန်နိုင်ငံသူ အက်ရှာမန်ဒဲလားဖြစ်ပြီး ဆံပင်အရှည် ၉.၁၆ ပေ ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top