ပြည်နယ် (၄) ခုက စားနပ်ရိက္ခာအခက်အခဲရှိသူတွေကို ကုလသမဂ္ဂထောက်ပံ့ပေး

WF1265307.jpg

ရန်ကုန်၊ သြဂုတ် (၂၉)

ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်က စားနပ်ရိက္ခာအခက်အခဲရှိသူတွေကို အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ (သို့မဟုတ်) ငွေသား အထောက်အပံ့တွေကို ကုလသမဂ္ဂက ကူညီပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

“အဲ့ဒီပြည်နယ် (၄) ခုက စားနပ်ရိက္ခာအခက်အခဲဖြစ်နေတဲ့ လူဦးရေ (၃၆၀,၀၀၀) ကို လစဉ်ထောက်ပံ့ကြေးပေးနေပါတယ်။ အဲ့ဒီထဲမှာ အမျိုးသမီး၊ ကလေးငယ်၊ မသန်စွမ်းသူ၊ သွားရောက်ကူညီရန်မလွယ်ကူတဲ့ လူမှုအသိုက်အဝန်းဝိုင်းတွေနဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။” လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့ပြင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ အခုအပတ်မှစတင်ပြီး ရခိုင်ပြည်နယ်အတွင်းက ထိခိုက်လွယ်သူမိသားစုတွေကို လစဉ် ကူညီထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာနဲ့ ငွေသားအထောက်အပံ့တွေကို ပြန်လည်ဖြန့်ဝေပေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ပထမ ခုနှစ်လအတွင်းက WFP ဟာ မြို့ပြဒေသတွေနဲ့ ကျေးလက်ဒေသတွေက မြန်မာပြည်သူ လူဦးရေ စုစုပေါင်း (၁.၂၅) သန်းကို စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရ အထောက်အပံ့တွေကို ပေးအပ်ထောက်ပံ့နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရပြည့်ဝရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ၁၉၉၄ ခုနှစ်ကစတင်ပြီး အစဉ်အဆက် ပံ့ပိုးပေးနေတာဖြစ်သလို ဆက်လက်ပံ့ပိုးပေးသွားဖို့ကိုလည်း ကတိကဝတ်ပြုထားပါသေးတယ်။

Photo- United Nations
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top