နှစ်ပေါင်း ၁၃၀၀ ကြာ ကျောက်တုံးထဲမှာ စိုက်ဝင်နေတဲ့ ဒဏ္ဍာရီလာဓားတစ်လက် ထူးဆန်းစွာ ပျောက်ဆုံးသွား

9.7.2024-yyl-2.jpg

ပြင်သစ်နိုင်ငံ ရိုကာမာဒါရွာငယ်လေးရဲ့ ကျောက်သားနံရံမှာ နှစ်ပေါင်း ၁၃၀၀ ကြာ စိုက်ဝင်နေခဲ့တဲ့ သမိုင်းဝင် ဒူရန်ဒယ်ဓားဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒူရန်ဒယ်ဓားဟာ ဗြိတိန်ဘုရင်ကြီးအာသာရဲ့ ဒဏ္ဍာရီလာ အိတ်ကာလီဘာဓား(Excalibur)နဲ့တောင် ကျော်ကြားမှုချင်း နှိုင်းယှဉ်ခံထားရတာပါ။

ဒဏ္ဍာရီဆိုရိုးစကားတွေအရ ရိုမန်အင်ပါယာရှင် ချားမက်ဂ်နီကို နတ်သားတစ်ပါးက ဒီဓား ပေးခဲ့တာဖြစ်ပြီး ချားမက်ဂ်နီက သူ့ရဲ့ သစ္စာရှိတဲ့ စစ်သူကြီး ရိုလန်ကို လက်ဆင့်ကမ်းပေးအပ်ခဲ့တာလို့ ဆိုကြပါတယ်။ ၁၁ ရာစုက ရေးသားခဲ့တဲ့ The Song of Roland ကဗျာထဲမှာတော့ သူတော်စင်စိန့်ဘာဆေးရဲ့ သွေး၊ သူတော်စင်စိန့်ဒင်းနစ်ရဲ့ ဆံပင်၊ သူတော်စင် စိန့်ပီတာရဲ့သွား ပါဝင်နေလို့ မှော်ဝင်အစွမ်းရှိတဲ့ဓားလို့ ရေးသားထားပါတယ်။

ရိုလန်ဟာ ရွန်ဆီဗောက်တိုက်ပွဲမှာ ဒဏ်ရာရသွားချိန် ဆာရာဆန်တွေလက်ထဲကို ဒီဓားမရောက်သွားစေဖို့အတွက် ဓားကို ချိုးဖဲ့ဖျက်စီးဖို့ ကြိုးစားခဲ့ပေမဲ့ ဒူရန်ဒယ်ဓားကို ဖျက်စီးလို့ မရခဲ့တာကြောင့် ကောင်းကင်ပေါ် ပစ်ထည့်လိုက်တဲ့အခါ ကျောက်တုံးထဲမှာ စိုက်ဝင်နေခဲ့တာလို့ ဆိုပါတယ်။ အဲဒီအချိန်ကတည်းက ကျောက်တုံးထဲမှာ စိုက်ဝင်နေခဲ့ပြီး နှစ်ပေါင်း ၁၃၀၀ ကြာ နေရာမယွင်း ရှိနေခဲ့တဲ့ဓားဟာ အခုချိန်မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

မြေပြင်အထက် ၃၂ ပေ အမြင့်မှာရှိတဲ့ ကျောက်တုံးထဲကို စိုက်ဝင်နေတဲ့ဓားဟာ ရိုကာမာဒါရွာငယ်လေးရဲ့ သမိုင်းနဲ့ ဆက်နွှယ်နေတာကြောင့် ဒီဓား ပျောက်ဆုံးမှုကို ရွာသူရွာသားတွေက အလွန်အမင်း စိုးရိမ်ပူပန်နေကြပြီး ပြန်ရှာတွေ့နိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။

Ref:‘French Excalibur’ Sword Disappears from Rock Wall It Had Been Stuck in for 1,300 Years
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top