ဂျူဒိုလို့ အမည်ရတဲ့ ခွေးလေးဟာ သခင်ဖြစ်သူရဲ့ဈာပနမှာ ရင်ကွဲနာကျပြီး သေဆုံးသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း ခမ်ပေါင်ဖတ်မြို့မှာ နေထိုင်တဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးကြီး ဆွမ်ဖွိုင်းက ဂျူဒိုကို သားပေါက်အရွယ်ကတည်းက မွေးမြူလာခဲ့တာပါ။ ဆွမ်ဖွိုင်း နာမကျန်းဖြစ်ပြီး ဆေးရုံတင်လိုက်ရချိန်ကစလို့ (နဂို အကောင်းပကတိအတိုင်း ဖြစ်နေတဲ့) ဂျူဒိုဟာ အစာမစားတော့ တရှောင်ရှောင် ဖြစ်လာခဲ့တယ်လို့ ဆွမ်ဖွိုင်းရဲ့ သမီးဖြစ်သူ နာတီဝမ်က ဆိုပါတယ်။
ဆွမ်ဖွိုင်း ကွယ်လွန်သွားတဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ ဂျူဒိုရဲ့ ကျန်းမာရေးအခြေအနေက တော်တော်ဆိုးလာခဲ့ပါတယ်။ ဒီဇင်ဘာလ ၄ ရက်မှာတော့ ဆွမ်ဖွိုင်းရဲ့ဈာပ ပြင်ဆင်နေတုန်း ဂျူဒိုက ဆွမ်ဖွိုင်းရဲ့ ရုပ်အလောင်းနားမှာ လှဲအိပ်နေရင်း မျက်ရည်တွေ စီးကျလာပြီး သိပ်မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။ ဂျူဒိုရဲ့ရုပ်အလောင်းကို သူတို့နေအိမ်ခြံဝန်း အနောက်ဘက်မှာ မြှုပ်ခဲ့တယ်လို့ နာတီဝမ်က ဆိုပါတယ်။
Ref: Friend for life: Mourning dog in Thailand dies at owner’s funeral
NZ ( ရိုးရာလေး)