အမေကို စိန်လက်စွပ်ဝယ်ပေးဖို့ ပိုက်ဆံစုထားတဲ့ (၁၀) နှစ်သား

53475231_2275490062481901_5141357474317598720_n.jpg

အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အခက်ခဲဆုံးနဲ့ ဂုဏ်အယူရဆုံးအချိန်ကတော့ မိခင်ဖြစ်ခွင့်ရချိန်ပါပဲ။ မိခင်က သားသမီးတွေအပေါ်ထားတဲ့ မေတ္တာကို စုန်ရေနဲ့ တင်စားလေ့ရှိပါတယ်။ သိတတ်တဲ့ သားသမီးတွေက မိခင်အပေါ် ပြန်ပေးဆပ်ကြတဲ့အခါ မျက်ရည်ကျအောင် ဝမ်းသာစရာကောင်းလှပါတယ်။ အခုလည်း မိခင်အပေါ် မေတ္တာတရားကြီးမားတဲ့ (၁၀) နှစ်အရွယ် ကလေးငယ်ရဲ့ လုပ်ရပ်က မီဒီယာစာမျက်နှာတွေမှာ ရေပန်းစားနေပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူဘေပြည်နယ်မှာနေထိုင်တဲ့ ကလေးငယ်ဟာ သူ့အမေကို စိန်လက်စွပ် ဝယ်ပေးဖို့အတွက် သူရတဲ့မုန့်ဖိုးတွေနဲ့ နှစ်သစ်ကူးကာလမှာရတဲ့ အန်ပေါင်း(ဟုန်ပေါင်း) တွေကို စုထားခဲ့ပါတယ်။ သူစုထားတဲ့ငွေက ယွမ် ၈၈၀၀ (အမေရိကန်ဒေါ်လာ ၁၂၀၀) ရှိပြီး မြန်မာငွေနဲ့ဆိုရင်တော့ သိန်း (၂၀) လောက်ရှိပါတယ်။ ကလေးငယ်က သူ့အမေကို သူကြိုက်တဲ့ စိန်လက်စွပ်ရွေးချယ်နိုင်စေဖို့အတွက် တန့်အန်းမင်မြို့ ဈေးဝယ်စင်တာမှာရှိတဲ့ ရတနာဆိုင်ကို လက်ဆွဲပြီး ခေါ်သွားခဲ့ပါတယ်။

သူ့အမေကတော့ သားဖြစ်သူက သူ့ကို နောက်နေတယ်လို့ တွေးခဲ့ပါတယ်။ စိန်လက်စွပ် တစ်ကွင်းပြီး တစ်ကွင်း စွပ်ကြည့်ပြီးနောက်မှာတော့ ရတနာဆိုင်ကနေ ပြန်ထွက်ဖို့လုပ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့မှ သူ့သားက သူ့ကို စိန်လက်စွပ် တကယ်ဝယ်ပေးဖို့လုပ်နေတယ်ဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။

ကျောင်းနေဘက် သူငယ်ချင်းတွေရဲ့ မိခင်တွေမှာ စိန်လက်စွပ်တွေဝတ်ထားလို့ သူ့အမေအတွက် စိန်လက်စွပ်ဝယ်ပေးချင်တာလို့ ကလေးငယ်က ပြောပါတယ်။ သူ့အတွက် သားဖြစ်သူက တန်ဖိုးကြီး စိန်လက်စွပ်မဝယ်ပေးအောင် မိခင်က ပရိယာယ်သုံးခဲ့ပါတယ်။

ယွမ် ၅၀၀၀၀ ( အမေရိကန်ဒေါ်လာ ၇၄၅၅) လို့ ဈေးကပ်ထားတဲ့ စိန်လက်စွပ်တစ်ကွင်းကို ထိုးပြပြီး ”ဒီလက်စွပ်ကို အမေကြိုက်တယ်။ သား ပိုက်ဆံ ထပ်စုထားနော်။ ပိုက်ဆံစုပြီး နောက်မှ ဝယ်ပေးပေါ့” လို့ ဖျောင်းဖျခဲ့ပါတယ်။ ကလေးငယ်ကလည်း သူ့အမေ တကယ်ကြိုက်တဲ့စိန်လက်စွပ်ကိုပဲ ဝယ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကို စိန်လက်စွပ်ဝယ်ပေးချင်တဲ့ သားဖြစ်သူရဲ့ မေတ္တာကြောင့် မိခင်ဖြစ်သူကတော့ ကျေနပ်ပီတိဖြစ်ခဲ့ပါတယ်။

Ref : Elite Readers
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top