ဖားတွေရဲ့ အူဘက်တီးရီးယားတစ်မျိုးက ကင်ဆာကျိတ်ကို တိုက်ဖျက်နိုင်စွမ်း ရှိကြောင်းတွေ့ရှိ

frog.jpg

ဖားတွေရဲ့ အူလမ်းကြောင်းထဲမှ ဘက်တီးရီးယားတစ်မျိုးဟာ ကင်ဆာကျိတ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ ဂျပန်နိုင်ငံ အဆင့်မြင့်သိပ္ပံနဲ့နည်းပညာသိပ္ပံဌာနမှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကုန်းနေရေနေ သတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေမှာ ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းပါးတာ တွေ့ရှိခဲ့ပြီးနောက် သုတေသီတွေက အခုလို စူးစမ်းရှာဖွေခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဖား၊ ပုတ်သင်၊ အိမ်မြောင် အစရှိတဲ့ သတ္တဝါတွေကနေ ဘက်တီးရီးယား ၄၅ မျိုးကို ထုတ်ယူပြီး အကျိတ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ ဘက်တီးရီးယား ၉ မျိုးကို ထပ်မံခွဲခြားခဲ့တာပါ။

အဲဒီအထဲမှာ Ewingella americana ဆိုတဲ့ ဘက်တီးရီးယားက အကျိတ်တွေကို တိုက်ဖျက်ရာမှာ အားအကောင်းဆုံးအဖြစ် တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ ကြွက်တွေနဲ့ စမ်းသပ်မှုအရ Ewingella americana တဖုံစာ ထိုးသွင်းပေးလိုက်ရုံနဲ့ အူမကြီးကင်ဆာအကျိတ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိပြီး အကျိတ်တွေ နောက်တစ်ကြိမ် ကြီးမလာအောင်လည်း ကာကွယ်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။

Ewingella americana ဘက်တီးရီးယားဟာ အကျိတ်ရဲ့ အောက်ဆီဂျင်နည်းတဲ့ အစိတ်အပိုင်းကို ပစ်မှတ်ထားတိုက်ဖျက်ပြီး အကျိတ်ထဲ ဝင်ရောက်နိုင်ချိန်မှာ အဆပေါင်းများစွာ တိုးမြှင့်အစွမ်းပြနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် T ဆဲလ်၊ B ဆဲလ်နဲ့ နူထရိုဖီးလ်သွေးဖြူဆဲလ်တွေအပါအဝင် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့တာပါ။

Ref: Frog gut bacterium eliminates cancer tumors in mice with a single dose

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top