ဒဏ်ရာရနေတဲ့သူငယ်ချင်းအတွက် လူငယ်တစ်စုက ဆေးရုံထဲဝင်ပြီး လူနာတင်ယာဉ်ကို အတင်းအကျပ် ခေါ်ဆောင်လာခဲ့

Y2-1.jpg

ဒူးဒဏ်ရာရနေတဲ့ သူငယ်ချင်းကို ဆေးရုံပို့နိုင်ဖို့ ဆယ်ကျော်သက်လူငယ်တစ်စုက အီတလီနိုင်ငံ နေပယ်မြို့မှာ ဆေးရုံထဲဝင်ပြီး လူနာတင်ယာဉ်ကို အတင်းအကျပ် ခေါ်ဆောင်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နေပယ်မြို့လယ်မှာရှိတဲ့ လိုရီတိုမာရီဆေးရုံ(Loreto Mare Hospital)ရဲ့ အရေးပေါ်ကုသဆောင်ထဲ ဝင်လာတဲ့ လူငယ်တွေဟာ သူတို့သူငယ်ချင်းကို သွားခေါ်ပြီး အရေးပေါ်ကုသပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့က အခုလိုမလုပ်ခင် လူနာတင်ယာဉ် လှမ်းခေါ်ဖို့ ကြိုးစားခဲ့တာမျိုး ရှိ၊ မရှိဆိုတာ တိတိကျကျ မသိရသေးပါဘူး။

” ကောင်လေးတစ်စုက အရေးပေါ်ခန်းထဲ ဝင်လာပြီး ဝန်ထမ်းတွေကို လူနာတင်ယာဉ်ပေါ် တက်ခိုင်းခဲ့ပါတယ်။ သူတို့ပြောတဲ့နေရာရောက်တော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက လူနာတင်ယာဉ်ကို ဝိုင်းထားပါတယ်။ အဆိုးဆုံး အခြေအနေအထိ တွေးပူနေတဲ့ ဆရာဝန်တွေက လူအုပ်ထဲကို တိုးဝင်ကြည့်လိုက်တော့ ဒူးအဆစ်လွဲနေတဲ့ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်တွေ့တယ်”လို့ အီတလီဆရာဝန်တွေ တည်ထောင်ထားတဲ့ Nobody Touches Hippocrates ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကောင်လေးရဲ့ ဒူးဒဏ်ရာမှာ စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ရှင်းပြပေမဲ့ ဒဏ်ရာရနေသူကို ဆေးရုံမပို့ရကောင်းလားဆိုပြီး ခြိမ်းခြောက်မှုတွေ ထပ်ကြုံခဲ့ရပါတယ်။ လူငယ်လေးကို အဲဒီနေရာမှာပဲ ကုသပေးလိုက်တော့မှ ပြဿနာပြေလည်သွားခဲ့တာပါ။ ဒီဖြစ်ရပ်အပြီးမှာတော့ အီတလီနိုင်ငံရဲ့ ဆေးရုံတချို့မှာ လုံခြုံရေးတိုးမြှင့်ရလောက်တယ်လို့ Nobody Touches Hippocrates ဖေ့ဘွတ်ခ် စာမျက်နှာကို တည်ထောင်သူ ရက်ဂျီယိုက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top